မွေးနေ့ လက်ဆောင်အဖြစ် ဖန်တစ်ယောက်ဆီက သိန်း(၁၀၀) နဲ့ မွေးနေ့ကိတ်ပါတဲ့ Surprise Box ကိုလက်ခံရရှိခဲ့တဲ့ စိန်လင်း ( Aroma )

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု အပြည့်ဝရရှိထားတဲ့ အဆိုတော် စိန်လင်းကတော့ သူ့ရဲ့မွေးနေ့အမှတ်တရအဖြစ်နဲ့ အောက်တိုဘာလ (၂၄) ရက်နေ့က Live လွှင့်ပြီး ပရိသတ်တွေနဲ့ ဆင်နွှဲခဲ့ပါတယ် ။ မွေးနေ့အမှတ်တရအနေနဲ့ ချစ်သူခင်သူတွေက မွေးနေ့ surprise လုပ်ပေးခဲ့ကြပြီး မင်းသမီးချောလေး ပိုးကြာဖြူခင်ကလည်း မွေးနေ့ကိတ်နဲ့အတူ လက်စွပ်တစ်ကွင်းလက်ဆောင်ပေးခဲ့ပါသေးတယ် ။

ဒါ့အပြင် ၂၄ရက်နေ့ညက Live လွှင့်တုန်း လာပို့ထားတဲ့ Surprise Box လေးအကြောင်းကိုလည်း ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ Surprise box ထဲမှာ ငွေကျပ် သိန်း (၁၀၀) နဲ့ နဲ့ Birthday Cak လေးလက်ခံရရှိခဲ့ပြီး သီးသန့်ဓာတ်ပုံမရိုက်ဖြစ်လိုက်ဘူးလို့ ဆိုပါတယ် ။ သီးသန့် ဓါတ်ပုံမရိုက်လိုက်မိလို့ Live ထဲကပုံလေးတွေ ပြန် save ပြီး ပရိသတ်တွေကို မျှဝေပေးလိုက်တာ ပဲဖြစ်ပါတယ် ။

ဒီ မွေးနေ့ Surprise Box လေးကိုပေးဖို့ခဲ့သူကတော့ သူ့ရဲ့ Top Fan တစ်ယောက်ဖြစ်ပြီး လျှို့ဝှက်ထားပေးပါဆိုတဲ့ TOP FAN တစ်ဦးရဲ့ စေတနာ အတွက် အထူးအထူးကျေးဇူးတင်ပါတယ် ခင်ဗျာလို့လည်း ရေးသားဖော်ပြထားပါတယ် ။ စိန်လင်းကလည်း နောက်ထပ်လည်း ဒါမျိုး Surprise တွေခဏခဏ တိုက်ခံချင်ပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

Source : Sein Linn Aroma
Emily (Cele Gabar)