လှိုင်သာယာမြို့နယ်က စည်ပင်ဝန်ထမ်းတွေကိုလှူဒါန်းခဲ့ပြန်တဲ့ လိမ္မော်သီး

စတိုင်ကျတဲ့အမိုက်စားမော်ဒယ်လ်၊အဆိုတော်တစ်ယောက်ဖြစ်တဲ့ လိမ္မော်သီးကိုတော့ ပရိသတ်တွေသိကြမှာပါ။ လိမ္မော်သီးကိုတော့ ချစ်စရာကောင်းတဲ့မွန်မလေးအဖြစ်လည်း ညီမဖြစ်သူဝေလာရီနဲ့အတူရိုက်ကူးတဲ့ပုံလေးတွေကတစ်ဆင့် သိကြမယ်လို့ထင်ပါတယ်။ လိမ္မော်သီးကတော့ ဂီတဖန်တီးမှုအသစ်တွေလုပ်ရတာကိုကြိုက်နှစ်သက်သလို အလှူအတန်းတွေလည်း တတ်အားသရွေ့လုပ်ဆောင်သူတစ်ယောက်ပါ။


အခုလည်း အလှူတစ်ခုပြုလုပ်ဖြစ်တဲ့အကြောင်းကို ပရိသတ်ကိုမျှဝေလာပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မနေ့က ပါဝင်ဖြစ်တဲ့အလှူလေးပါ.. ဦးအောင် ( ဘစိုးဥမြန်မာမှုအနုပညာရတနာ ) နဲ့အတူတူ လှိုင်သာယာမြို့နယ် ၊ စည်ပင်သာယာရေးရုံဝန်းထဲမှာရှိတဲ့ ဝန်ထမ်းများအား ဆန်၊ဆီ ၊ဆပ်ပြာ နဲ့အလှူငွေ လှူဒါန်းမှုမှာ ပါဝင်ဖြစ်ပါတယ် …အားလုံးကုသိုလ်ထပ်တူရရှိပါစေ” ဆိုပြီးတော့ အလှူပုံရိပ်လေးတွေနဲ့အတူ ရေးသားဖော်ပြလာတာပါ။


ပရိသတ်တွေကတော့ အလှူအတွက်သာဓုခေါ်ကာဝမ်းမြောက်ကြည်နူးခဲ့ကြပါတယ်။ ရှေ့ဆက်ပြီးလည်း အလှူအတန်းများစွာကိုပြုလုပ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Source:MiMonMonThike