ကိုဗစ်ကာလအတွင်းစားထားသမျှကို ရက်(၃၀)အတွင်း ခန္ဓာကိုယ်ပြောင်းလဲအောင်ကြိုးစားခဲ့တဲ့ လင်းအောင်ခေတ်

လင်းအောင်ခေတ်ကိုတော့ သရုပ်ဆောင်၊မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်တွေသိကြမှာပါ။ မော်ဒယ်လ်၊သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အမိုက်စားဘောဒီကိုလည်း ပိုင်ဆိုင်ထားသူပါ။ အမိုက်စားဘော်ဒီကိုထိန်းသိမ်းဖို့အတွက်အမြဲကြိုးစားနေသူတစ်ယောက်လို့လည်း ဆိုရမှာပါ။


အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ရက် ၃၀ body transformation Challenge.. Covid ကာလတွင်းမှာ ကျွန်တော် နေချင်သလိုနေ ၊ စားချင်သလိုစားခဲ့လို့ ပုံနည်းနည်းပျက်သလို ဖြစ်သွားတယ်.. အဲ့ဒါနဲ့ ကျွန်တော် ဆရာ Nick ရယ် ၊ ထူးအောင်တို့နဲ့ အလောင်းအစားတစ်ခု လုပ်ခဲ့တယ်…ရက် ၂၀ တစ်လတွင်း ခန္ဓာကိုယ်ပြောင်းလဲအောင် ကျွန်တော် သူတို့ပြောပြပေးတဲ့ Nutrition plan , Supplyment plan , workout paln တွေအတိုင်း အတိအကျလိုက်နာ ခဲ့တယ်…တစ်လပြည့်တဲ့ ဒီနေ့မှာ ပုံထဲကအတိုင်း Result ထွက်ခဲ့ပါတယ်” လို့ ပုံနဲ့တကွရေးသားထားတာပါ။


ဒါ့အပြင် “Star fitness club မှ trainer ဆရာတွေနဲ့ ဆရာNick ၊ထူးအောင်တို့ကို လည်း အထူးကျေးဇူးပါလို့
မဖြစ်နိူင်ဘူးဆိုတာ မရှိပါဘူး..ကြိုးစားဖို့ပဲလိုတာပါ.. Fighting all!” ဆိုပြီးတော့လည်း အခြားသူတွေကို တိုက်တွန်းစကားလေးရေးသားထားပါသေးတယ်။ လင်းအောင်ခေတ်ကတော့ ကိုဗစ်ကာလအတွင်းစားထားသမျှကို ပြောင်းလဲအောငိကြိုးစားခဲ့ပါပြီနော်…
Source : LinnAungKhit