အဆိုတော်မဖြစ်ခင်ကတည်းက အကိုတစ်ယောက်လိုခင်မင်ရတဲ့ သူအတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ပိုပို

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ပိုပိုကတော့ ဒီနေ့မှာ သူ့ရဲ့လူမှု့ကွန်ရက်စာမျက်နှာကနေ သူအဆိုတော်မဖြစ်ခင်အချိန်ကတည်းက ခင်မင်ရင်းနှီးလာပြီး အဆိုးအကောင်းအမြဲသွန်သင်ဆုံးမပေးတဲ့ အကိုတစ်ယောက်လိုခင်ရတဲ့ သူတစ်ယောက်အတွက် မွေးနေ့ဆုတောင်းစကားလေးကို သတိတရနဲ့ အခုလိုပဲဆုတောင်းပေးလာခဲ့ပါတယ်။

“Happy Birthday My best brother. လူတွေက ၁၀ နှစ်သက်တမ်းခင်မင်လာပြီဆို ဆွေမျိူးတွေ ဖြစ်ပြီတဲ့လေ။ (၂၀၀၉) ခုနစ် VelantinesDay Hip Hop United Rock United Promotion Show ကန်တော်ကြီးထဲမှာ (၁၈) နှစ်အရွယ် အဆိုတော်ပေါက်စမ ဘဝ နဲ့ စတွေ့ ကတည်းက ငါ့အကိုနဲ့ခင်လာတာ (၁၁) နှစ်ရှိပြီ။ အဆိုတော်မဖြစ်ခင်ကတည်းက အဆိုး အကောင်း တွေ နားထောင်ပေးတယ် အားတက်အောင်အားပေးတယ်။ သူကူညီနိုင်သမျှကူညီတယ်။ ဘယ်အလှူဖြစ်ဖြစ် အတူတူ လှူကြတယ်။ တခါတလေ ရန်ဖြစ်လိုက် ပြန်တည့်သွားလိုက် မေတ္တာ မပျက် ကူညီပေးတတ်တဲ့ ချစ်ကိုကြီး

ဒီနေ့မွေးနေ့မှ စပြီး ကျန်းမာ ချမ်းသာ အသက်ရှည်ပါစေ။ အသက် ရှည်ပြီး သိန်း ၁ သောင်းခွဲ ဆုလဲပေါက်ပြီး သာသနာကို အထောက်အပံ့ပြုသူဖြစ်ပါစေ။”လို့ နှစ်ယောက်သား (၁၁)နှစ်ခင်မင်မှုအမှတ်တရတွေကိုပြောပြရင်း မွေးနေ့ဆုတောင်းပေးခဲ့တာပါ။CeleGabar ပရိသတ်ကြီးရေ ပိုပိုကတော့ မအောင်မြင်သေးခင်ကတည်းကခင်လာရတဲ့ သူကို အောင်မြင်သွားချိန်မှာလည်း သတိတရရှိနေတတ်ပြီး ဘဝမမေ့တတ်တဲ့သူတစ်ယောက်ပါနော်။

Chilli – CeleGabar
Source – ဝတ်ရည်မိုး