ပရိသတ်တွေရဲ့ စကားနားထောင်တာ ပျော်စေချင်လို့ပါ ဆိုတဲ့ ဖွေးဖွေး

နိုင်ငံကျော် ဒိတ်ဒိတ်ကြဲမင်းသမီးချော ဖွေးဖွေးကတော့ မြန်မာနိုင်ငံထိပ်တန်းရုပ်ရှင်သရုပ်ဆောင်မင်းသမီးတွေထဲကတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပါတယ်။ ဖွေးဖွေးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင် အောင်မြင်မှုကို ထိန်းသိမ်ထားနိုင်ပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့်ပဲ အကယ်ဒမီဆုတွေ ရခဲ့သလို ပရိသတ်ကလည်း အထူးအားပေးတဲ့ သရုပ်ဆောင် တစ်ဦးပဲဖြစ်ပါတယ်။

သူကတော့ စိတ်ထားဖြူစင်သလို ၊ ကူညီတတ်ပြီး ပရိသတ်တွေကိုလည်း အလေးထား ဆက်ဆံတတ်သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖွေးဖွေးဟာ ပရိသတ်တွေရဲ့ စကားနားထောင်တာ ပျော်စေချင်လို့ပါဆိုတဲ့အကြောင်းကို “Purple ဆိုးခိုင်းတဲ့သူ မဲများနေလို့ Purple အနု ဆိုးပြီးသားပေမယ့် ဆိုးလိုက်တယ်နော်! တခါတလေလေး..ယူတို့ စကားနားထောင်ကြည့်တာ ပျော်စေချင်လို့ နောက်တပတ်မှနောက်တမျိုးပြောင်းမယ် တီချို တီခိုင် “HELLO” ဆီမှာ ဆိုးလို့ရပါတယ် Paul Mitchell က ယာယီဆိုးဆေး Semi Permanent Colour ink နဲ့ဆိုးပါတယ်! ဖွေးလို ခဏ အပျော်ဆိုးချင်သူများနဲ့ အဆင်ပြေ လောက်တယ်နော်! ပုံ/ ပါပယ်ပဲပိစိန် ပျော်ရွှင်ချမ်းမြေ့ပါစေ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်ဒိတ်ဒိတ်ကြဲ မင်းသမီးချောလေး ဖွေးဖွေးကတော့ ပရိသတ်တွေရဲ့ စကားနားထောင်ကာ ဆံပင်အရောင်လေးဆိုပြီး တခါတလေပရိသတ်တွေရဲ့ စကားနားထောင်တာ ပျော်စေချင်လို့ပါတဲ့နော်။ ပရိသတ်ကြီးရေ ဖွေးဖွေးကတော့ ပရိသတ်တွေကို အလေးထား ဆက်ဆံတာလေးကိုက ချစ်ဖို့ကောင်းနေတာနော်။

Source: Phway Phway
DarDar-CeleGabar