ကိုယ်ရေးဆွဲထားတဲ့ ပန်းချီကားလေးဝယ်ပြီး အလှူမှာပါဝင်ခဲ့တဲ့သူကို တွေ့ချင်မိတယ်ဆိုတဲ့ မိုးယုစံ

လတ်တလောမှာတော့ အနုပညာရှင်တွေရဲ့ကိုယ်ပိုင်ပန်းချီလက်ရာတွေကို စုစည်းကာ ကိုဗစ်ကာလလိုအပ်နေတဲ့နေရာတွေကို လှူဒါန်းနိုင်ဖို့ လေလံပွဲလေးလုပ်ပြီး ရောင်းချနေတာကိုတော့ ပရိသတ်ကြီးလည်း သိမှာပါနော်။ ဒီပန်းချီကားလေလံပွဲအလှူလေးမှာတော့ ကိုယ်တိုင်ရေးပန်းချီကားတွေနဲ့ အနုပညာရှင်များစွာပါဝင်ခဲ့သလို မိုးယုစံလည်း လွန်ခဲ့တဲ့ငါးနှစ်လောက်ကသူကိုယ်တိုင်ရေးဆွဲခဲ့ပြီး မြတ်နိုးတန်ဖိုးထားရတဲ့ပန်းချီကားလေးကို လှူဒါန်းကာ ဒီအလှူလေးမှာပါဝင်အားဖြည့်ခဲ့ပါတယ်။

မိုးယုစံရဲ့ (Metaphor Of Life ) ပန်းချီကားလေးကိုတော့ ကြမ်းခင်းဈေး သုံးသိန်းကျပ်နဲ့စတင်လေလံဖွင့်ခဲ့ပြီး ဒီနေ့မနက် (၁၁) နာရီလေလံပိတ်သိမ်းချိန်မှာတော့ ဧရာဝတီတိုင်းမှ အမည်မဖော်လိုသူမိုးယုစံရဲ့ပရိသတ်တစ်ဦးက (၄)သိန်း(၅) သောင်းကျပ်နဲ့ ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ မိုးယုစံကတော့ ဖြစ်နိုင်ရင် လေလံအောင်သွားသူကို သူကိုယ်တိုင်ပေးချင်ပေမယ့် ကိုယ်ဝန်နဲ့မို့ အဆင်မပြေတာကြောင့် Video Call ခေါ်ပေးဖို့တောင်းဆိုခဲ့သလို သူ့ရဲ့ပန်းချီကားလေးကို ဝယ်ကာ ကိုဗစ်အလှူမှာတစ်တပ်တစ်အားပါဝင်ပေးခဲ့တဲ့ သူ့ရဲ့အမာခံပရိသတ်ကို အထူးကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဒါ့ပေမယ့် အမည်အဖော်ဘဲ အလှူမှာပါဝင်ခဲ့သူမို့ ပန်းချီကားလေးနဲ့တကွ ဝယ်ယူသူရဲ့ပုံလေးကို တွေ့ချင်မိပါတယ် ဆိုပြီးတော့လည်း ရင်ထဲကဆန္ဒလေးကို ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ.. အခုလို ကိုဗစ်ကာလမှာ လိုအပ်တဲ့နေရာတွေကို လှူဒါန်းပေးနိုင်ဖို့အတွက် အနုပညာရှင်တွေနဲ့အတူတူ ပရိသတ်တွေပါ ပါဝင်အားဖြည့်နိုင်တဲ့ အစီအစဉ်ကောင်းလေးဖြစ်တဲ့ ပန်းချီလေလံပွဲမှာ ကိုယ့်ပန်းချီကားလေးကို တန်ဖိုးထားဝယ်ပေးခဲ့တဲ့ အမာခံပရိသတ်ကြီးကို မိုးယုကတော့ တွေ့ချင်မိပါတယ်တဲ့နော်။


Source- Moe Yu San
Rainbow- Cele Gabar

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …