နိုင်ငံအသီးသီးမှဇာတ်ကားများစွာထဲကမှ Druk International film festival (DIFF) က ချီးမြှင့်တဲ့ ထူးချွန်ဆု(၄)ဆုကို ဆွတိခူးနိုင်တဲ့ နို့ဘီလူး

နို့ဘီလူးရုပ်ရှင်ဇာတ်ကားကြီးကိုတော့ (၂၀၁၉)မတ်လမှာရုံတင်ခဲ့တာဖြစ်ပြီး ပရိသတ်ကြိုက်နှစ်သက်အားပေးမှုကိုရရှိထားတဲ့ ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့အတူ Druk International film festival (DIFF) မှာ ယှဉ်ပြိုင်ခဲ့ပြီးဆုလေးဆုဆွတ်ခူးခဲ့တာလည်း ဖြစ်ပါတယ်။


ဒီဇာတ်ကားကိုတော့ အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တာဖြစ်ပြီး ဘူတန်နိုင်ငံရှိ Druk International Film Festival မှ ချီးမြင့်တဲ့ 16th Season (Sept 2020) Competition မှာ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ် အစရှိတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဇာတ်ကားများစွာနှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတ ဆု အမျိုးစားပေါင်းများစွာ အနက်မှ Official Selection အဖြစ် ပထမဦးစွာရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီကတစ်ဆင့် Finalist အဆင့်ထိတက်ရောက်နိုင်ခဲ့ပြီး ဆက်လက် ရွေးချယ်ခံခဲ့ရာ –
Best Narrative Feature Film Outstanding Achievement Award Winner (ဇာတ်ကားဆု) ၊ နို့ဘီလူး ရုပ်ရှင်ဇာတ်ကား (The Milk Ogre)  2.Best Director Outstanding Achievement Award Winner (ဒါရိုက်တာဆု) – Director လူမင်း၊Best Actor Outstanding Achievement Award Winner (အမျိုးသားဇာတ်ဆောင်ဆု) – လူမင်း နဲ့ Best Supporting Actress Outstanding Achievement Award Winner (အမျိုးသမီးဇာတ်ပို့ဆု) – ရွှေမှုံရတီ စတဲ့ ထူးချွန်ဆု လေးဆုကို ရရှိခဲ့ပါတယ်။


ဆုကြီးလေးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင် 2021 မှာ ကျင်းပမယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်လည်း ဆန်ကာတင် Nominees များအဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါပြီ။ အခုလိုမျိုး နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး ဆုတွေရရပိုင်ဆိုင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေကို ဂုဏ်ယူစရာသတင်းအဖြစ်ပြန်လည်မျှဝေလိုက်ပါတယ်။
Source : နို့ဘီလူး – ရုပ်ရှင်ဇာတ်ကားကြီး

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …