သားသမီးတွေသီတင်းကျွတ်ကန်တော့ခဲ့တဲ့ ကြည်နူးစရာမြင်ကွင်းလေးကိုမျှဝေလာတဲ့ Rဇာနည်

Rဇာနည်ကတော့ မြန်မာနိုင်ငံရဲ့နာမည်ကျော်အနုပညာရှင်ဖြစ်သလို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာရရှိထားတာပါ။ Rဇာနည်ဆိုတဲ့နာမည်နဲ့အတူ သီချင်းအေးလေးတွေကတော့ ပရိသတ်တွေရင်ထဲစွဲထင်ကျန်နေစေသူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သားသမီး(၃)ယောက်ကိုပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားပါတယ်။


Rဇာနည်ရဲ့သားသမီးတွေကတော့ သီတင်းကျွတ်အစဉ်အလာအတိုင်းမိဘနှစ်ပါးကို ကန်တော့ခဲ့ကြပါတယ်။ အသက်ငယ်တဲ့ကလေးတွေဖြစ်ပေမယ့် အခုလိုလိမ္မာရေးခြားရှိတဲ့အပြုအမူလေးတွေကတော့ တကယ့်ကိုချစ်စရာပါ အဲ့ဒီအကြောင်းကိုလည်း Rဇာနည်ကသူ့ရဲ့ဖေ့ဘွတ်ခ်မှာ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်။

သားသမီး(၃)ယောက်လုံးကတော့ ဖေဖေ Rဇာနည်နဲ့မေမေဝမ်းတို့ကို ရှိခိုးကန်တော့နေကြတာဖြစ်ပြီး ပရိသတ်တွေကတော့ ချစ်စရာကောင်းတယ်ဆိုပြီးတော့ မှတ်ချက်တွေပေးကြသလို ကြည်နူးမှုတွေကူးစက်ခဲ့တာလည်း ဖြစ်ပါတယ်။ တကယ့်ကိုကြည်နူးစရာအခိုက်အတန့်လေးမို့ ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်..
Source : zarnimyonyunt

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …