အနုပညာကြေးလေးတွေနဲ့ (၂၂)သိန်းကျော်တန်ဖိုးရှိတဲ့ အောက်စီဂျင်စက်တွေလှူဒါန်းခဲ့တဲ့ မေလသံစဉ်

ကိုဗစ် နဲ့ပတ်သက်ပြီး အနုပညာရှင်အသီးအသီးက မိမိတို့တတ်အားသမျှပါဝင်ကူညီပြီး လှူဒါန်းမှုတွေ ပြုလုပ်လျက်ရှိပြီး မကြာသေးမီကလည်း ရွှေသမီးရွှေဆိုင် Live လွှင့်ဈေးရောင်းလို့ ရတဲ့ အနုပညာကြေး ၁၅ သိန်းကို ကိုဗစ် ကာကွယ် ကုသ တိုက်ဖျက်ရေးအတွက် လှူဒါန်းခဲ့သလို Diamond mart Khit SanYadanarစိန်ဆိုင် Live မှ ရရှိတဲ့ အနုပညာကြေးနဲ့ သူမ စုထားတဲ့ ကြော်ငြာရိုက်ရတဲ့ ငွေလေးတွေပေါင်းပြီး ဒဂုံဆိပ်ကမ်းမှ အိမ်ခြေ(၂၀၀)ကိုလည်း လှူဒါန်းခဲ့ပါသေးတယ် ။

မကြာခဏဆိုသလို ကိုဗစ်အတွက် လှူဒါန်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ မေလသံစဉ်က လတ်တလောမှာလည်း Live လွှင့်ဈေးရောင်းလို့ရတဲ့ အနုပညာကြေးလေးတွေနဲ့ ရွှေသမီး စိန်ရွှေရတနာဆိုင် တို့ပူးပေါင်းပြီးဧရာဝတီဖောင်ဒေးရှင်း Covid-19 ကုသရေးမှာလိုအပ်နေတဲ့ Oxygen Concentrator စက် – (၃) လုံး (တန်ဖိုးငွေကျပ် ၂၂ သိန်း ၈ သောင်း) ကို ဒီနေ့ နိုဝင်ဘာလ (၅)ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။

 

အသက်ရွယ်ငယ်ပေမယ့်လည်း သူမ ရရှိတဲ့ အနုပညာကြေးတွေကို ကိုယ်ကျိုးအတွက် မသုံးဘဲ အများအကျိုးအတွက် သယ်ပိုးခဲ့တဲ့ မေလ ကို ပရိသတ်တွေကတော့ လေးစားပြီးရင်းလေးစားနေကြတာပါ ပရိသတ်ကြီးရေ ..။ မေလရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့အတွက် အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : May Melody
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …