ပါတီတစ်ခုရဲ့လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံမယ့်ဖခင်ကို ဝန်းရံခဲ့လို့ ဝေဖန်မှုတွေအပြင်းထန်ခံနေရတဲ့ မိုးယံဇွန်

ပရိသတ်ကြီးရေ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ မဲဆွယ်စည်းရုံးမှုတွေလည်း အပြင်းအထန်လုပ်ဆောင်နေကြတာတွေ့ရပါတယ် ။ ပရိသတ်အချစ်တော် သရုပ်ဆောင် မိုးယံဇွန်ရဲ့ ဖခင်ဖြစ်သူ ဦးကျော်ဇေယျကလည်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ် ။

လတ်တလောမှာတော့ဖခင်ဖြစ်သူရဲ့အားပေးစကားဆိုခဲ့တဲ့ သရုပ်ဆောင်မိုးယံဇွန်က ပရိသတ်တွေရဲ့ ဝေဖန်မှုကို အပြင်းအထန်ခံနေရပါတယ် ။ ဦးကျော်ဇေယျက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ် ။ မိုးယံဇွန်က သူ့ရဲ့ ဖေ့ဘုတ်စ် ပရိုဖိုင်မှာ ဖခင်ဖြစ်သူရဲ့ ပါတီကိုယ်စားလှယ်ပုံရိပ်ကို ချိန်းပြီး Good Luck Father လို့ရေးသားခဲ့တဲ့အတွက် အတော်လေး ဝေဖန်မှုတွေပြင်းထန်ခဲ့တာဖြစ်ပါတယ် ။

 

ဝင်ရောက်ဆဲဆိုနေကြတဲ့သူတွေကို မိုးယံဇွန်က ငါ့အဖေကိုငါအားပေးတာ ဘယ်သူ့ကိုမှ ပုတ်ခတ်ပြီးဆဲနေတာမဟုတ်ဘူး ဆိုတဲ့မှတ်ချက်နဲ့ရေးသားတုံ့ပြန်ခဲ့ပါတယ် ။ မိုးယံဇွန်ရဲ့ ပရိသတ်တွေကလည်း ဖခင်ဖြစ်သူကို အားပေးတာ ဘယ်သူကိုမှ ဆဲဆိုဝေဖန်နေတာမဟုတ်ဘူးလို့ မိုးယံဇွန်ဘက်က ကာကွယ်ဝန်းရံပေးနေကြတာတွေ့ရပါတယ် ။

Source : Moe Yan Zune
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …