မွေးနေ့တူ Frenzo အဖွဲ့ဝင် (၂)ယောက်အတွက် မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဖြိုးလေး

ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၃၀)ရက်နေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် Frenzo အဖွဲ့ဝင်တွေဖြစ်တဲ့ ကိကိကျော်ဇောနဲ့ ဂျွန်တို့နှစ်ယောက်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ ကိကိကျော်ဇောနဲ့ ဂျွန်တို့နျစ်ယောက်လုံးကလည်း အနုပညာလောကမှာ အဆိုတော်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အသီးသီးရရှိပိုင်ဆိုင်ထားတဲ့ သူတွေပါ။

ဖြိုးလေးကတော့ ဒီနေ့မှာ မွေးနေ့တူဖြစ်တဲ့ ကိကိနဲ့ ဂျွန်တို့ရဲ့ မွေးနေ့အတွက်ကို သတိတရနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေပြီးတော့ “Happy Birthday. U John & Nga Kiki. All the best Bros ” ဆိုပြီး အတူတူတွဲရိုက်ထားတဲ့ ပုံဟောင်းလေးနဲ့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာပဲဖြစ်ပါတယ်။ ဖြိုးလေးရဲ့ပရိသတ်တွေကလည်း ကိကိရဲ့ ဂျွန်တို့ရဲ့မွေးနေ့လေးအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးနေကြပါသေးတယ်။

အဆိုတော် ကိကိနဲ့ အဆိုတော် ဂျွန်တို့ရဲ့ မွေးနေ့အတွက် အနုပညာလောကမှာ ဒီထက်မကအောင်မြင်ပြီး ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ဒီထက်မက ပိုမိုရရှိနိုင်ပါစေလို့ CeleGabar ကနေ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။CeleGabar ပရိသတ်ကြီးတွေကလည်း ကိကိနဲ့ ဂျွန်တို့အတွက်မွေးနေ့ဆုတောင်းစကားလေးတွေပြောခဲ့ပေးပါဦး။

Chilli – CeleGabar
Source – Phyo Lay