ထက်ထက် Live ကနေ အားပေးခဲ့တဲ့ကားကို စပွန်ဆာရတာလို့ဝေဖန်ခံနေရတဲ့ နီလန်းဘက်က ရပ်တည်ခဲ့တဲ့ မေမဒီ

ပရိသတ်ကြီးရေ မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေတဆင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်လာခဲ့တဲ့ နီလန်းကတော့ မကြာသေးမီကမှ ထက်ထက်မိုးဦးရဲ့ Live ကနေတဆင့် သိန်း(၃၀၀)တန်ကားတစ်စီး ဝယ်ယူခဲ့တဲ့အပေါ်မှာ ဝေဖန်မှုတွေခံနေခဲ့ရပါတယ် ။ ဒီကားက စပွန်ဆာရတာဆိုတဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို နီလန်းကလည်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ် ။

နီလန်းက ဒီကားလေးကို သူမရဲ့ We Love တွေနဲ့ သူမရဲ့ဖခင်က ဝယ်ပေးခဲ့တာ ဘုရားသိပါတယ်ဆိုတဲ့ စကားနဲ့တုံ့ပြန်ခဲ့ပြီး အဆိုတော် မေမဒီကလည်း ခင်ဗျားတို့ ဘာဖြစ်နေကြတာလဲဗျာ မနာလိုအူတို တာလေးတွေ လျှော့ မုဒိတာပွါးတက်ဖို့ ခင်ဗျားတို့ကို ငရဲကသင်မှပဲ ရမယ်ထင်ပါတယ် သူ့ Post ကို Share တယ်ဆိုတာ ကိုယ်ချင်းစာလို့ပါ ကိုယ့်တုန်းကဆို လူရင်းကတောင် အဲ့လိုထင်မြင်ပြီး ပြောခံရတာ တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ် ကိုယ့်အကြောင်းကိုယ်သာသိမို့ မှန်တယ်ထင်ရာသာလုပ် မာနတ်(စေတန်)တွေအတွက် အချိန်ကုန်မခံပါနဲ့ ဆိုတဲ့စာသားလေးနဲ့အတူ နီလန်းဘက်က ရပ်တည်ခဲ့ပါတယ် ။

နီလန်းရဲ့ ပရိသတ်တွေကတော့ နီလန်းရဲ့ရိုးသားမှုကို ယုံကြည်တဲ့အတွက် ဝေဖန်မှုတွေ ခေါင်းထဲမထားဖို့အတွက် ပြောဆိုခဲ့ကြပြီး နီလန်းကတော့ အရေခွံ ထူနေပါပြီ caption မှာရေးတဲ့အတိုင်း အားနာလို့… အလုပ်ကြိုးစာတဲ့ကိုယ့်ကိုယ်လည်းအားနာတယ်
Fighting Madi လို့ ပြန်လည်မှတ်ချက်ပေးခဲ့ပါတယ် ။

Source : May Madi
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …