ဘဝရဲ့အရေးပါတဲ့အမှတ်တရနေ့လေးတွေမှာ အမေ့ကိုရှိစေချင်တယ်ဆိုတဲ့ ဘုန်းလျှံ

ပရိသတ်ကြီးရေ ဒီနေ့နိုဝင်ဘာလ(၆) ရက်နေ့လေးကတော့ ရုပ်ရှင်သရုပ်ဆောင်ဘုန်းလျှံရဲ့မွေးနေ့ရက်မြတ်လေးပါ။ ဘုန်းလျှံကတော့ ဘဝအတွက် သင်ခန်းစာယူစရာအတွေ့အကြုံတွေနဲ့ နှစ်ကာလအတန်ကြာ ဖြတ်သန်းခဲ့ရသူဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ ကောင်းမှုကုသိုလ်အလှူအတန်းတွေ ဆက်တိုက်လုပ်ရင်း ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ဖို့ ကြိုးစားနေတဲ့အပြင် ပါရမီဖြည့်ဖက်ချစ်သူလေးနဲ့လည်း မကြာခင်မှာ လက်မှတ်ရေးထိုးပွဲလေးပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ဒီနေ့ကတော့ သူ့ရဲ့ အသက်(၃၈) နှစ်ပြည့်မွေးနေ့လေးဖြစ်ပြီး အမှတ်တရနေ့လေးတွေမှာ မိခင်ကိုရှိစေချင်ကြောင်းကို Happy birthday to me နိုဝင်ဘာလ(6)ရက်နေ့မှာ.ခက်ခဲစွာမွေးဖွားပေးခဲ့တဲ့.ချစ်လှစွာသောအမေကို ရိုသေလေးစားစွာကန်တော့ပါတယ်အမေ…ဒီနေ့ဆိုအမေကျွန်တော့ကို မွေးထုတ်ပေးခဲ့တာ(38) နှစ်ပြည့်ပါပြီ.. မွေးနေ့နဲ့မင်္ဂလာလက်မှတ်ထိုးမယ့်နေ့မှာ အမေကိုရှိစေချင်ပါတယ်..ဒါပေမယ့် ဆိုပြီး စိတ်မကောင်းစွာရေးသားမျှဝေလာပါတယ်။

ဘုန်းလျှံရဲ့မိခင်ဖြစ်သူကတော့ သူထောင်ထဲမှာ ရှိနေစဉ်အချိန်တုန်းက ဆုံးပါးသွားခဲ့တာဖြစ်ပြီး အခုလိုပျော်စရာအချိန်လေးတွေ မိခင်နဲ့အတူဖြတ်သန်းခွင့်မရတော့တဲ့ ဘုန်းလျှံအတွက် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်စေမိမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ… ဒါပေမယ့်လည်း ဖြစ်လာမယ့်ကံတရားကရှောင်လွဲလို့မရတာမို့ ဒီနှစ်မွေးနေ့လေးကစပြီး ဒီထက်မကတဲ့ အောင်မြင်ပျော်ရွှင်မှုတွေနဲ့ ဘဝကိုဖြတ်သန်းသွားနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှာ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source- Bone Hlan
Rainbow- Cele Gabar

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …