သူမ Live လွှင့်ပြီးဈေးရောင်းပေးနေတဲ့ဆိုင်က စိန်လက်စွပ်တစ်ကွင်း ပါလာလို့ ပိုင်ရှင်ကိုပြန်လည် အပ်နှံခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်ကြီးရေ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာနယ်ပယ်မှာကျင်လည်နေတာ နှစ်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့အပြင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ ။ အခုလိုcovid ကာလမှာ အိမ်မှာပဲ Stay Home နေရတဲ့အတွက် ရိုက်ကူးရေးတွေရပ်နားထားရပြီး နှိုင်းယှဉ်မြင့်မိုရ်ကတော့ Online ကနေတဆင့် Live လွှင့်ဈေးရောင်းရင်း မအားမလပ်နဲ့ဖြစ်နေတာပါ။

 

လတ်တလောမှာတော့ လက်ဝတ်ရတနာတွေကို အနုပညာကြေးယူပြီး Live လွှင့်ရောင်းချပေးနေတဲ့ နှိုင်းယှဉ်က သူမ မသိလိုက်ဘဲ ဆိုင်က ပါလာတဲ့ စိန်လက်စွပ်လေးကို ပိုင်ရှင်ကို ပြန်လည်အပ်နှံခဲ့တယ်လို့သိရပါတယ် ။ မနေ့က စိန်ရောင်းနေရင်း လည်ပင်းနာလာတော့ အိတ်ကိုပေါင်ပေါ်တင်ပီး ငုံဆေးထုတ်စားတာဒီလက်စွပ်လေးက ဘယ်ကဘယ်လို အိတ်ထဲကျသွားမှန်းမသိဘူး အိမ်ပြနိရောက်ရင် အိတ်ထဲကပစ္စည်းတွေအမြဲထုတ် ဆေးဖြန်းနေတော့ လက်စွပ်လေးထွက်လာတယ်ဟယ် ဆိုင်ကပါလာပါလားဆိုပီး အန်တီရေဆိုပီးဖုန်းဆက်အကျိုးအကြောင်းပြောပြတော့ သမီးရယ် အဲ့အသံလေးကို record တောင်သွင်းထားရအုံးမှာ ဆိုပီး ကျေးဇူးတင်ကြောင်းတွေတဖွဖွပြောတယ် ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ရိုးသားမှုကို ပရိသတ်တွေဂုဏ်ယူနိုင်ဖို့ သူမရဲ့လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ရေးသားမျှဝေပေးခဲ့တာဖြစ်ပါတယ် ။

 

လောကကြီးမှာ ကိုယ်ချင်းစာစိတ် ကအရေးကြီးတာဖြစ်ပြီး သူ့နေရာမှာ ငါဆိုတဲ့စိတ်ဝင်တာနဲ့ အားလုံးအေးချမ်းသွားကြလိမ့်မယ်လို့လည်း သူမရဲ့ခံယူချက်လေးကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါသေးတယ် ။ ပရိသတ်တွေကတော့ သူမရဲ့ ရိုးသားမှုအတွက် အရမ်းကို ဂုဏ်ယူကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။

Source : Nhying Shin
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …