နိုဝင်ဘာလ (၁၆)ရက်နေ့မှာပြုလုပ်မယ့် မီးမီးခဲအမှတ်တရ ရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ မီးနို

Galaxy Star သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ အဆိုတော်တစ်တော်တစ်ယောက်ဖြစ်တဲ့ မီးနိုကတော့ ကွယ်လွန်သူ အဆိုတော် မီးမီးခဲနဲ့ပတ်သက်ပြီး ရိုက်ကူးရေး တစ်ခုလုပ်ဖို့စီစဉ်နေတယ်လို့သိရပါတယ် ။

 

 

အဲ့ဒီအတွက် ပရိသတ်ကြီးကိုယ်တိုင်ရိုက်ထားတဲ့ RIP မီးမီးခဲ ၊ We Miss You ၊ See You Again MMK ၊ We Love You Mee Mee Khal ဆိုတဲ့စာသားလေးတွေနဲ့ ပုံလေးတွေ ကို ရိုက်ကူးပေးဖို့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ် ။ အဲ့ဒီတောင်းဆိုမှုနဲ့ပတ်သက်ပြီး တချို့ပရိသတ်တွေဆီက အခုလိုလုပ်တော့ရောမီးမီးခဲက ပြန်ရှင်လာမှာလားဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ် ။

 

 

ဒါ့ကြောင့် မီးနိုက အခုလို သူမစီစဉ်ရတဲ့ ရည်ရွယ်ချက်ကို နိုဝင်ဘာလ (၁၆) ရက်နေ့မှာ စောင့်ကြည့်ပေးဖို့နဲ့ ဝေဖန်တဲ့ ပရိသတ်ဟာ သားတစ်ယောက်မိခင်ဖြစ်လို့ မိခင်တိုင်းက မြင့်မြတ်တဲ့နှလုံးသားရှိမယ်ထင်ပါတယ်ဆိုပြီး ပညာသားပါပါ တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ် ။ မီးနိုရဲ့ ချစ်ပရိသတ်ကြီးလည်း နိုဝင်ဘာလ (၁၆)ရက်နေ့လေးမှာ ပြုလုပ်မယ့် သူမရဲ့ အစီစဉ်လေးကို စောင့်ကြည့်ပေးကြပါဦးနော် ။

Source : Mee No
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …