ဇာတ်လမ်းတွဲထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေအတိုင်း ဖေ့ဘွတ်ခ်အကောင့်တွေ ဖွင့်ထားကြတဲ့ အနုပညာရှင်များ

ဒိတ်ဒိတ်ကြဲအောင်မြင်မှုရရှိခဲ့တဲ့ မြမြဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာညိုမင်းလွင်ကတော့ ကိုဗစ်ကာလအတွင်းမှာတောင် ပရိသတ်အတွက် အသစ်အဆန်းတွေ ထပ်မံချပြဖို့ကြိုးစားနေကြောင်း မျှဝေလာပါတယ်။ ကိုဗစ်မတိုင်ခင်က Influencer တစ်ယောက်ဖြစ်သူ လှနုထွန်းနဲ့ ယောက္ခမတစ္ဆေဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့စီစဉ်ထားခဲ့သလို မကြာသေးခင်ကလည်း မျက်နှာသစ်သရုပ်ဆောင်တွေအများကြီးနဲ့ရိုက်ကူးသွားမယ့် Active Now ဆိုတဲ့ဇာတ်လမ်းတွဲကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ မြမြ ရုပ်ရှင်ဇာတ်ကားနဲ့အောင်မြင်မှုရထားတဲ့ သရုပ်ဆောင် မင်းတော်ဝင်နဲ့ သဉ္ဇာဝင့်ကျော်တို့ ပြန်လည်ပါဝင်ထားပြီး မျက်နှာသစ်သရုပ်ဆောင် (၇၀) ရာခိုင်နှုန်းနဲ့ ရိုက်ကူးသွားမှာပါ။ မြန်မာရုပ်ရှင်ဇာတ်ကားတွေမှာ မြင်တွေ့နေကျပုံစံမဟုတ်တဲ့ တက္ကသိုလ်ကျောင်းသားတစ်စုနဲ့ ဝန်ကြီးချုပ်ရဲ့ အားပြိုင်မှုကို ရသမျိုးစုံနဲ့ရိုက်ကူးသွားမှာဖြစ်ပြီး စတင်မိတ်ဆက်ကတည်းက ပရိသတ်စိတ်ဝင်စားမှုများစွာ ရရှိထားပါတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း ဇာတ်ကားရဲ့နာမည်နဲ့ လိုက်အောင် ထူးထူးခြားခြားလေးတစ်ခုလုပ်ထားကြောင်း မျှဝေလာပါတယ်။

Active Now ဆိုတဲ့အတိုင်း ဇာတ်လမ်းထဲမှာ Facebook,Messenger သုံးတဲ့ဇာတ်ဝင်ခန်းတွေတော်တော်များများပါဝင်ပါတယ်၊ ရိုက်ပြတဲ့အခါမှာ ယုတ္တိရှိစေဖို့အတွက် သရုပ်ဆောင်တွေက ဇာတ်ကားထဲကနာမည်တွေနဲ့ Facebook account အသစ်တွေထပ်မံဖွင့်ထားကြပါတယ်၊ Friend request တွေဖွင့်ထားပါတယ် ဆိုပြီး အကောင့်လေးတွေကို မျှဝေပေးထားပါတယ် ပရိသတ်ကြီးရေ.. တကယ်ကို ထူးထူးခြားခြားလုပ်ထားတဲ့ အစီအစဉ်လေးမို့ ကိုယ်ကြိုက်တဲ့သရုပ်ဆောင်တွေရဲ့ဇာတ်ကောင်နာမည်လေးတွေကို သွား add ပြီး ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်လေးတွေနဲ့ ရင်းနှီးမှုယူထားနိုင်ပါတယ်နော်။


Source- Active Now
Rainbow- Cele Gabar

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …