အမြန်လမ်းမှာကားဘီးပေါက်လို့အခက်တွေ့ခဲ့ပေမဲ့ မီးသတ်တပ်ဖွဲ့ကကူညီခဲ့တာကြောင့် အဆင်ပြေသွားခဲ့တဲ့ခင်သဇင်

မြန်မာပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်လ်မင်းသမီးချောလေးတွေထဲမှာတော့ ခင်သဇင်လည်း အပါအဝင်ပါ။ ခင်သဇင်ကတော့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားသလို သရုပ်ဆောင်ကောင်းတဲ့သူတစ်ယောက်လို့လည်း ပရိသတ်တွေကလက်ခံအားပေးကြတာပါ။


ခင်သဇင်ကတော့ မန္တလေး ရန်ကုန်ကားလမ်းကြီးမှာ ကားဘီးပေါက်သွားတာကြောင့်အခက်တွေ့ခဲ့ပေမဲ့ ကူညီသူတွေရှိခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို “မန္တလေး ရန်ကုန် အ မြန်လမ်းမှာ ကားဘီးပေါက်ပါတယ်… ကံကောင်းချင်တော့ မီးသတ်ရှေ့တည့်တည့်မှာ ပေါက်တာပါ …အဲဒါနဲ့ မီးသတ်ထဲ ဝင်ပြီး အကူညီတောင်းတာ ပုံပါ မြင်တွေ့တိုင်း မီးသတ်က တာဝန်ရှိသူများ အားလုံး နီးပါး ထွက်လာပြီး ကိုယ်တိုင် ကားဘီး ကို လုပ်ပေးကြပါတယ်…ယခုလို ကူညီစိတ် အပြည့်ရှိတဲ့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ဝငိများ အားလုံးကို လေးစားစိတ်ဖြစ်မိပါတယ်…မြန်မာနိုင်ငံသား တစ်ဦး အနေနဲ့လည်း ဂုဏ်ယူမိပါတယ်..


ဘီး အပိုနဲ့ ဖြည်းဖြည်း မောင်းသွားဖို့ သေချာ မှာရင်း သူတို့ ဗောဓိကုန်း မီးသတ်တပ်ဖွဲ့ရုံး ရဲ့ ဖုန်းနံပါတ်ကိုပါ လည်းမမေးပဲနဲ့ကို သေချာပြောပြပေးပါတယ်…အ မြန်လမ်း မီးသတ်တပ်ဖွဲ့ကို အထူးပဲ လေးစားချီးကျူး ဂုဏ်ပြုပါတယ်ရှင်” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။ဒီလိုခရီးသွားနေတဲ့အချိန်မှာ ကားဘီပေါက်တာမျိုးက တကယ့်ကိုအခက်တွေတဲ့အခြေနေတစ်ခုပါ။ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကတော့ အကူအညီလိုနေတဲ့သူကို ကူညီလိုက်တာကြောင့် တကယ့်ကိုလေးစရာပါပဲနော်…


Source: KhinThazin