သီတင်းကျွတ်လာကန်တော့တဲ့ မိုးဟေကို ကို အကယ်ဒမီအမြန်ဆုံးရပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ဂျွန်လွင် 

အစကတည်းက မိဘစကားနားထောင်တဲ့မိုးဟေကိုက  ဆရာဂျွန်လွင် စကားကိုအမြဲ နာခံလိုက်နာတတ်သူမို့ ဆရာဂျွန်လွင်ရဲ့ အချစ်တော် တပည့်မလေးဖြစ်နေတာပါ ။  ဆရာဂျွန်လွင် က သရုပ်ဆောင်အလုပ်ကို လုပ်ရမယ် သရုပ်ဆောင်မင်းသမီးနဲ့ လိုက်တယ် ဆိုပြီးတော့ လမ်းကြောင်းပေးခဲ့တဲ့အပေါ် နာခံပြီး လျှောက်လှမ်းခဲ့တာ အရမ်းကိုအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာခဲ့တာပါ ။

 

ဆရာဂျွန်လွင်က အကြံဉာဏ်တွေလည်းပေးသလို  အဓိကကတော့ ခွန်အားအမြဲပေးတဲ့အတွက် အဲ့ဒီနှစ်ချက်တည်း နဲ့တင်အရာအားလုံးပြီးပြည့်စုံနေပါပြီ”လို့တောင်အင်တာဗျူးတွေမှာဖြေဆိုခဲ့တာပါ ။ ဒီနှစ်သီတင်းကျွတ်မှာလည်း မိုးဟေကိုတစ်ယောက် သူမရဲ့ ဆရာ ဂျွန်လွင်ကို သွားရောက်ကန်တော့ပြီး ဂါရဝပြုခဲ့တဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ ဂျွန်လွင်တစ်ယောက် အရမ်းကို ပီတိဖြစ်နေခဲ့တာပါ ။

သားသမီးအရင်းသဖွယ် အစဉ်ချစ်ခင်ရတဲ့မိုးဟေကို မိဘကိုအရမ်းသိတတ်တဲ့ သမီးစိတ်နှလုံးရွှင်လန် းစီးပွါးရေးလောကမှာအောင်မြင်ပြီးအနုပညာမှာထိပ်ဆုံးဖြစ်ပြီး အကယ်ဒမီလဲအမြန်ရပါစေ ဆိုတဲ့ဆုမွန်ကောင်းတွေလည်းအများကြီးပေးခဲ့ပါသေးတယ် ။ ပရိသတ်တွေကတော့ သူမတို့ရဲ့ ဆရာတပည့်ဆက်ဆံရေးလေးကို အရမ်းကိုသဘောကျနေကြတာတွေ့ရပါတယ် ။

 

Source : Jhon Lwin

Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …