ရွေးကောက်ပွဲနေ့ မှာတက်တက်ကြွကြွနဲ့ Volunteer လုပ်နေတဲ့ G Fatt

G Fatt ကတော့ လူငယ်အဆိုတော်တွေထဲမှာနာမည်ကျော်လူကြိုက်များတဲ့အဆိုတော်တစ်ယောက်ပါ။ ကိုယ်ပိုင်စတိုင်ဖန်တီးမှုတွေနဲ့ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုရယူထားနိုင်တာလည်း ဖြစ်ပါတယ်။


ဒီနေ့ကတော့ ရွေးကောက်ပွဲနေ့ဖြစ်ပြီး တော့ အနုပညာရှင်တော်တော်များများကတော့ ဆန္ဒမဲသွားပေးခဲ့ကြတာပါ။ G Fatt ကတော့ ရွေးကောက်ပွဲနေ့ မဲရုံမှာ Volunteer လုပ်နေတဲ့အကြောင်းကိုလည်း “၁၆/၂ မဲရုံက Volunteer လေးပါ” ဆိုပြီးတော့လည်း ပြောထားပါသေးတယ်။ ဒါ့အပြင် ပရိသတ်တွေကိုလည်း “မဲရုံကို မဖြစ်မနေမဲသွားပေးဖို့ ဆော်သြလိုက်ပါတယ် မဲပေးပြီးရင်လဲ Cmt မှာ ပြကြပါဦး … တန်းစီရတာတော့ကြာမှာ ဖြစ်ပေမယ့် စိတ်ရှည်ရှည် စောင့်ပြီးပေးကြမယ်ဗျို့ ညနေ၄နာရီနောက်ဆုံးနော် #Vote2020” ဆိုပြီးတော့ ဆော်သြလိုက်ပါသေးတယ်။


G Fatt ကတော့ မကြာသေးခင်ကလည်း Vote ဆိုတဲ့သီချင်းကိုလည်း သီဆိုထားပြီး ပရိသတ်တွေအားပေးမှုတွေလည်း ရရှိထားပါသေးတယ်။ G Fatt ကတော့ ရွေးကောက်ပွဲနေ့မှာတက်တက်ကြွကြွနဲ့ Volunteer လုပ်နေတာပါတဲ့ ပရိသတ်ကြီးရေ…
Source : G Fatt

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …