ဖခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားကြောင်း ပရိသတ်တွေကို အသိပေးခဲ့တဲ့ Oasix

ပရိသတ်ကြီးရေ မန္တလေးသား Rapper လေးတစ်ယောက်ဖြစ်တဲ့ Oasix ကတော့ ဆယ်ကျော်သက် လူငယ်တွေ အသည်းစွဲအားပေးနေကြတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဒီနေ့ နိုဝင်ဘာလ (၈)ရက်နေ့မှာတော့ Oasix ရဲ့ ဖခင်ကွယ်လွန်သွားကြောင်း စိတ်မကောင်းစွာကြားသိရပါတယ် ။ Oasix ရဲ့ ဖခင်ဖြစ်သူဟာ သူ(၉)တန်း (၂၀၀၇)ခုနှစ်လောက်ကတည်းက လေဖြတ်ရောဂါခံစားနေရတာဖြစ်ပါတယ်။

 

Oasix ဟာမကြာခင်ကမှ (၁၉၉၆) ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မိသားစု ရှင်ပြု ရဟန်းခံ ဗီဒီယိုလေးကို ပရိသတ်တွေကို ဝေမျှခဲ့ပါသေးတယ် ။ မိသားစု စုံစုံလင်လင်နဲ့ ပျော်စရာကောင်းတဲ့အမှတ်တရလေးတွေကို မျှဝေပေးခဲ့တဲ့အတွက် ပရိသတ်တွေက သဘောအကျကြီး ကျခဲ့ကြပေမယ့်လည်း ဒီနေ့ ဒီနေ့ နေ့လည် ၁၂:၃၀ ရုတ်တရက်ကြီး ဖေဖေ ကို သားတို့မိသားစု ဆုံးရှုံးလိုက်ရပါပြီ ဆိုတဲ့စာသားလေးကို အိုအေစစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားအသိပေးလာခဲ့ပါတယ် ။

Oaisx ရဲ့ ဖခင်အတွက် ပရိသတ်တွေရဲ့ စိတ်မကောင်းကြောင်းတွေနဲ့အတူ အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကလည်း ထပ်တူ ဝမ်းနည်းကြောင်း မှတ်ချက်လေးတွေ ရေးသားခဲ့ကြပြီး အိုကြီးကို အားပေးစကားဆိုခဲ့ကြတာလည်းတွေ့ရပါတယ် ။Oasix ရဲ့ဖခင်လည်း ကောင်းရာမွန်ရာမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆယ်လီကမ္ဘာက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Thet Ko Tun
Emily (Cele Gabar)

 

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …