အာဆီယံမှာအဆင်းရဲဆုံးဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်မယ့် အစိုးရကို လိုချင်ပါတယ်ဆိုတဲ့ မိုးယံဇွန်

ယနေ့ နိုဝင်ဘာလ (၈)ရက်နေ့ မဲပေးမှုနဲ့ပတ်သက်ပြီး ပရိသတ်အချစ်တော် သရုပ်ဆောင်မိုးယံဇွန်က သူလိုချင်တဲ့ အစိုးရရဲ့ပုံစံကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ နိုင်ငံသားတယောက်အနေနဲ့ လုပ်သင့်တဲ့ မဲပေးခြင်းပြုလုပ်ပြီးနောက်မှာ ပြည်သူတွေကိုယ်စား အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်စား ပြောပြလာခဲ့တာဖြစ်ပါတယ် ။

 

၂၀၂၀ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီပဲ အစိုးရပြန်ဖွဲ့ဖွဲ့ ၊ အစိုးရအသစ်တစ်ရပ်ကပဲ အစိုးရပြန်ဖွဲ့ဖွဲ့သေချာတာ တော့ပီးခဲ့တဲ့ ၁၀ နှစ်က ထက်ပိုကောင်းတဲ့ အစိုးရ အာဆီယံမှာအဆင်းရဲဆုံးဂုဏ်ပုဒ်ကို ဖယ်ရှားနိုင်မယ့် အစိုးရ အခြေခံလူတန်းစားတွေများတဲ့နိုင်ငံဖြစ်လို့ အခြေခံလူတန်းစားတွေ ရဲ့နေထိုင်မှုနဲ့ အလုပ်အကိုင်ကိုအာမခံချက်ပေးနိုင်မယ့် အစိုးရကိုပြည်သူတယောက်အနေနဲ့ လိုချင်ပါတယ် အမြင်တူသည် ဖြစ်စေ မတူသည်ဖြစ်စေေ သချာတာကတော့ တိုင်းပြည်အနာဂတ်ကောင်းဖို့ ပြောသမျှကို လက်တွေ့မှာ အကောင်အထည်ဖော်ဆောင်ပီး တိုးတက်အောင်လုပ်နိုင်တဲ့ ဂုဏ်နဲ့ ညီတဲ့ အစိုးရကို ပြည်သူတိုင်းကလိုချင်မှာပဲ ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့အမြင်ကိုရေးသားဖော်ပြခဲ့ပါတယ် ။

 

၂၀၂၀ရွေးကောက်ပွဲမှာ လူမှန်နေရာမှန်နဲ့ မြန်မာနိုင်ငံအတွက် တိုးတက်ကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ပေးနိုင်မယ့် အစိုးရဖြစ်လာဖို့အတွက် ပြည်သူတွေကိုယ်စား အနုပညာသမားတယောက်နေနဲ့ ဆန္ဒပြုစကားဆိုခဲ့တာဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ မိုးယံဇွန်ရဲ့ အပြုအမူလေးကို လူသားဆန်တဲ့အပြုအမူလေး လို့ မှတ်ချက်ကောင်းတွေ ပေးခဲ့ကြပါတယ် ။

Source : Moe Yann Zune
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …