ဦးကျော်ထူးရဲ့ ဆန်ကို အနုပညာကြေးမယူဘဲ အခမဲ့ Live လွှင့်ရောင်းပေးခဲ့လို့ မမျှော်လင့်ထားတာတွေ ပြန်ရခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်

ပရိသတ်အချစ်တော် ဇာတ်ပို့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေနားထားတုန်း တခြားစီးပွားရေးတစ်ခုအနေနဲ့ အနုပညာကြေးယူပြီး Live လွှင့်ဈေးရောင်းနေတာပါ ။ လတ်တလောမှာတော့ ဟာသသရုပ်ဆောင် ဦးကျော်ထူးက ဆန်ရောင်းတာ Live လွှင့်ပေးဖို့အကူညီတောင်းတဲ့အတွက် ကူညီပေးခဲ့တယ်လို့သိရပါတယ် ။

အဖေက ဆန်ရောင်းဖို့ live လွှင့်ပေးဖို့ အကူအညီတောင်းတော့ ဘာမှမပေးပါနဲ့ သမီး လာကူညီပေးမယ်လို့ ပြောခဲ့တယ် ဘာမှမမျှော်လင့်ပဲ စေတနာသန့်သနိ့နဲ့ကူညီပေးခဲ့ပေမယ့် ပြန်ရလိုက်တာက မနည်းမနောပါပဲ ဆိုတဲ့စာသားလေးနဲ့အတူ ဦးကျော်ထူးရဲ့ မေတ္တာလက်ဆောင်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ (၆၇၀၀၀) တန် ရှယ်ဆန် ၃ အိတ်၊ ဆီဘူးကြီး (၆) ဘူး ၊ ကြက်ဥ ၅ ကဒ် ၊ ကန်တော့ခြင်း တစ်ခြင်း ၊ အိပ်ရာခင်း တစ်စုံ ၊ လက်သနိ့ဆေးဘူး ၁၀ဘူ ၊ Body scrub၂ဘူး ၊ ထီး ၃ ချောင်း ၊ ငပိချက် ၁ဘူး ၊ Mask (၁) ဘူး ၊ ခေါင်းစွပ် ၁ဘူး ၊ ပိုက်ဆံ (၈) သိန်း တို့ကို နှိုးယှဉ်မြင့်မိုရ် မသိအောင် ဦးကျော်ထူးက ကားထဲထည့်ပေးလိုက်တာပါ ပရိသတ်ကြီးရေ ..။

အားနာလို့ နေစရာနေရာတောင်မရှိဘူး….ဖေဖေဦးကျော်ထူးရော ချစ်လေးရော လှိုင်ဝတီကျော် ဆန်ရောင်းဝယ်ရေးမိသားစုရော အရမ်းကျေးဇူးတင်ပါတယ်ရှင် ဆိုတဲ့စာသားလေးနဲ့အတူ ဦးကျော်ထူးရဲ့ မေတ္တာလက်ဆောင်တွေကြောင့် ကျေးဇူးတင်သလို အားနာရကြောင်း ကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

Source : Nhing Shin
Emily (cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …