မဲရုံတွေမှာ ပင်ပင်ပန်းပန်းနဲ့အလုပ်ကြိုးစားခဲ့ကြတဲ့ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ကြောင်းပြောလာတဲ့ စမိုင်းလ်

စမိုင်းလ်ကတော့ အနုပညာအလုပ်တွေသိပ်မလုပ်တော့တဲ့အချိန်မှာတောင်မှ ပရိသတ်ချစ်ခင်အားပေးမှုကို ရရှိနေဆဲသူတစ်ဦးပါ။ လက်ရှိအချိန်မှာသာယာပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်ထားသလို အလှူအတန်းတွေရက်ရက်ရောရောလှူဒါန်းလေ့ရှိတာကြောင့် အများက လေးစားအားကျခံရသူလည်း ဖြစ်ပါတယ်။


မနေ့ကတော့ မြန်မာနိုင်ငံမှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလိုနေ့မှာတော့ ဆရာ၊ဆရာမတွေဟာ မဲရုံမှာတာဝန်ကျခဲ့ကြပြီး ညဘက်တွေအထိမဲတွေရေတွက်ပြီးအလုပ်လုပ်ရတဲ့အထိလည်း အလုပ်ရှုပ်ခဲ့ကြတာပါ။ သူတို့တွေကို ကျေးဇူးတင်ကြောင်းကိုတော့ စမိုင်းလ်ကသူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာရေးသားခဲ့တာလည်း ဖြစ်ပါတယ်။


သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “မဲရုံတာဝန်ကျတဲ့ဆရာဆရာမများနဲ့ တာဝန်ကျသူတွေအကုန်လုံးအရမ်းပင်ပန်းနေကြပြီသနားပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်” ဆိုတာအပြင် ပုံလေးတွေနဲ့အတူ “အခုအချိန်ထိအလုပ်လုပ်နေကြသူ ဆရာ ဆရာမများ Volunteer များ ပြည်သူ့ရဲများ လုံခြုံရေး ရပ်ကွက်ကျေးရွာ မြို့နယ်အသီးသီးမှတာဝန်ကျသူများအားလုံးတစ်ဦးတစ်ယောက်ချင်းကိုတကယ့် Respect ပါ။ တိုင်းပြည်အတွက်အားလုံးပူးပေါင်းပြီးလုပ်ဆောင်ပေးနေကြတာ ရင်ထဲကလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ပုံလေးတွေကိုယ်တိုင်ပို့ပေးကြသူများကိုလည်းကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ ရေးသားဖော်ပြခဲ့တာပါ။
Source : စမိုင်းလ် Smile

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …