အဖေများနေ့မှာဖခင်ဖြစ်သူအတွက်အချစ်ပိုသွားစေမယ့် စာလေးရေးသားခဲ့တဲ့ စိုးပြည့်သဇင်

ဒီနေ့ ဇွန်လ (၂၁) ရက်နေ့မှာကျရောက်တဲ့အဖေများနေ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ဖခင်တွေကို ဂုဏ်ပြုတဲ့ စာသားလေးတွေ တော်တော်များများရေးသားကြတာတွေ့ရပါတယ် ။ အနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖခင်တွေအတွက် ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ကြပါတယ် ။

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဖခင်ဖြစ်သူအတွက် ” ဖေဖေ သမီးတို့မိသားစုရှေ့မှာတံတိုင်းကြီးတစ်ခုလိုမားမားမတ်မတ်ရှိနေပေးတဲ့ဖေဖေ….မိသားစုကိုချစ်မြတ်နိုးတဲ့ဖေဖေ….တန်ဖိုးထားတဲ့ဖေဖေ….အမြဲကာကွယ်စောင့်ရှောက်ပေးတဲ့ဖေဖေ……မေမေ့အပေါ်မှာလည်းသစ္စာတရားကြီးပြီး…သားသမီးတွေအပေါ်တာဝန်အရမ်းကျေတဲ့ဖေကြီး….သမီးတို့ကိုဒီဘဝအတွက်တင်မက…သံသရာအတွက်ပါလမ်းပြသွန်သင်ပေးတဲ့ဖေဖေ….အမြဲချစ်ပြီး..အမြဲကျေးဇူးတင်ပါတယ်ဖေဖေ…..ဖေဖေကျန်းမာပါစေ…စိတ်ချမ်းသာပါစေ…သမီးတို့နဲ့အတူသက်ရှည်ကျန်းမာစိတ်ချမ်းသာစွာနဲ့…ဖေဖေလိုချင်တဲ့တရားထူးတရားမြတ်တွေရရှိပါစေ…. ” ဆိုတဲ့စာသားလေးနဲ့အတူ ဂုဏ်ပြုစာလေးရေးသားခဲ့တာဖြစ်ပါတယ် ။

ဖခင်ဖြစ်သူအတွက် ကျေးဇူးတင်စကားတွေနဲ့အတူ ဖေဖေနဲ့ငယ်ငယ်က အမှတ်တရပုံလေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပါသေးတယ် ။ အဖေများနေ့မှာ ကမ္ဘာပေါ်မှာရှိသမျှ အဖေတွေအားလုံး ပျော်ရွှင်ပါစေလို့ Cele Gabarကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Soe Pyae Thazin
Emily(Cele Gabar)