သတိမေ့နေတဲ့ (၁၅) ရက်မှာ မွေးရပ်မြေရွာလေးကိုပြန်ရောက်သွားတယ်ဆိုတဲ့ ဦးမန်းဝင်း

လွန်ခဲ့တဲ့ရက်ပိုင်းတွေက စိုးရိမ်စရာအခြေအနေကိုရင်ဆိုင်ခဲ့ရတဲ့ ဦးမန်းဝင်းရဲ့ကျန်းမာရေးအခြေအနေကိုတော့ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် အရေးပေါ်ဆေးရုံတင်ကာ ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး (၁၅) ရက်လောက် ပြန်မနိုးလာခဲ့တဲ့ဦးမန်းဝင်းကို သမီးဖြစ်သူက သတိမေ့နေတဲ့အချိန်ဘယ်တွေရောက်နေသလဲ ဖြည်းဖြည်းချင်းမေးမြန်းခဲ့တဲ့အခါမှာတော့

” ဖေကြီး ဟိုရက်က ဘယ်တွေရောက်နေတာလဲ ” ” ပြောမယ် ” ” ဖေကြီး ဒီလောက်အကြာကြီး ဘယ်တွေသွားနေတာလဲ “” ရွာရောက်နေတာ ” ( အဖေ့ဇာတိ ကမာကယာကျေးရွာပါ )” အဖေ့ကို ဘယ်သူခေါ်သွားတာလဲ ” ” ဘယ်သူမှမခေါ်ဘူး သူ့ဘာသာရောက်နေတာ ” ” ရွာမှာဘယ်သူနဲ့တွေ့ခဲ့သေးလဲ ” ” အမေနဲ့ ” ( အဖေ့ရဲ့အမေ အဖွားနဲ့ပါ ) ” အဖွားက ဘယ်မှာနေလဲအဖေ ” ” သူ့အိမ်လေးမှာနေတယ် ” ” အဖွားက စကားပြောလား ” ” မပြောဘူး ” ” အဖေ့ကိုရော မြင်လား ” ” မြင်တယ် မပြောတာ ” ” အဖွားက ရွာမှာဘာလုပ်နေတာလဲ ” ” ဥပုသ်စောင့်နေတယ် ” ” တခြားသူငယ်ချင်းတွေရော တွေ့ခဲ့သေးလား ” ” မတွေ့ပါဘူး ” ” တောကုလားကြီးရော တွေ့လား ” ( အဖေ့အစ်ကိုကြီးပါ ) ” မတွေ့မိဘူး ” ” အဖေ့ကို ဘယ်သူလိုက်ပို့တာလဲ ” ” အဖေ့ဘာသာ ပြန်လာတာ ” စတဲ့ အဖေနဲ့စကားပြောဖြစ်ခဲ့ပုံကို ပရိသတ်ကြီးအတွက် မျှဝေခဲ့ပါတယ်။

ဦးမန်းဝင်းကတော့ လေသံထွက်ပြီးစကားပြောနေနိုင်ပြီဖြစ်တဲ့အပြင် ဆုတောင်းပေးကြတဲ့ပရိသတ်တွေကြောင့် စိုးရိမ်ရတဲ့အခြေအနေကို လွတ်မြောက်လာပြီလို့ ဆိုရမှာပါ။ အခုလိုပြန်သက်သာလာတဲ့အချိန်မှာတော့ သတိမေ့နေတဲ့(၁၅) ရက်က ဘယ်ရောက်နေသလဲဆိုတဲ့သမီးဖြစ်သူရဲ့မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…


Source – Man Win- Joker
Rainbow- Cele Gabar