ဖန်တီးထားတဲ့ဇာတ်ကားလေးကို ရုံတင်ချင်နေပြီဆိုတဲ့အကြောင်းကို ပြောပြလာတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ပရိသတ်တွေသဘောကျတဲ့ လူငယ်ဒါရိုက်တာတွေထဲကတစ်ယောက်ပါ။ ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “ည” ဇာတ်ကားဟာအတော်လေးလူကြိုက်များခဲ့လိသလို ထပ်မံထွက်ရှိထားတဲ့ “သူစိမ်းအိမ်” ဇာတ်ကားကလည်း အားပေးမှုရရှိခဲ့ပါတယ်။


ထပ်မံထွက်ရှိလာမယ့် တတိယမြောက်ဇာတ်ကားကတော့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ဇာတ်ကားဖြစ်ပြီး စာရေးဆရာမကြီးဂျူးရဲ့နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိန္ဒြာကျော်ဇင်၊ဒေါင်း၊ဝင်းခန့်မိုး နဲ့ ရံထွဋ်တို့ကပါဝင်သရုပ်ဆောင်ထားတာလို့လည်း သိရပါတယ်။ ရိုက်ကူးပြီးစီးထားတဲ့ဒီဇာတ်ကားကို ပရိသတ်တွေကရင်ခုန်နေသလို ဖန်တီးထားတဲ့ဒါရိုက်တာကြီးကိုယ်တိုင်ကလည်း “လရဲ့အောက်ဘက် မိုင်အဝေးမှာ ရုပ်ရှင်ကို အရမ်းရုံတင်ချင်တာပဲ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါသေးတယ်။


ပရိသတ်တွေကတော့ ဒီဇာတ်ကားကိုကြည့်ချင်နေပြီဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့ကြပါသေးတယ်။ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားကတော့ “Yangon In Love” ဖြစ်ပြီး အချစ်ဟာသဇာတ်ကားလေးဖြစ်တာကြောင့် မတူတဲ့ဖန်တီးချက်တွေရရှိဦးမှာမို့ ရင်ခုန်စရာပါပဲနော်…


Source : HtooPaingZawOo