ပရဟိတစိတ်အပြည့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့စေတနာ့ဝန်ထမ်းတွေအတွက် ရေးစပ်ထားတဲ့သီချင်းလေးမှာ ပါဝင်သီဆိုသွားမယ့် ဖြိုးပြည့်စုံ

ဖြိုးပြည့်စုံကတော့ သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီး သူဟာ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ” မျှော်နိုင်သမျှ” အခွေထွက်ရှိထားကာ ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပြီး Single Song များစွားလည်း ထွက်ရှိထာပါတယ်။

ဖြိုးပြည့်စုံကတော့ မကြာသေးမီကလည်း မိစန္ဒီနဲ့အတူ Covid-19 ပညာပေးသီချင်းဖြစ်တဲ့ ” Go Away Corona” ဆိုတဲ့ သီချင်းလေးကို တွဲဖက်သီဆိုခဲ့ကာ ပရိသတ်တေါရဲ့ တစ်ခဲနကအာပေးမှုကို သိမ်းပိုက်ထားပါတယ်။ လက်ရှိမှာတော့ သူဟာ ပရဟိတစိတ်အပြည့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့စေတနာ့ဝန်ထမ်းတွေအတွက် ရေးစပ်ထားတဲ့သီချင်းလေးမှာ ပါဝင်သီဆိုသွားမယ့်အကြောင်းကို “ကိုယ့်ရဲ့အချိန်တွေ လုပ်အားတွေကို ငွေကြေးတစုံတရာကြောင့် မဟုတ်ပဲနဲ့ မိမိရဲ့ ဆန္ဒအရ ပရဟိတစိတ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့စေတနာ့ဝန်ထမ်းတိုင်းကို ကျွန်တော်တို့လေးစားပါတယ် Coming soon” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပရဟိတစိတ်အပြည့်နဲ့ တာဝန်ထမ်းဆောင်နေတဲ့စေတနာ့ဝန်ထမ်းတွေအတွက် ရေးစပ်ထားတဲ့ “အသိမှတ်ပြုတယ်” ဆိုတဲ့ သီချင်းကိုတော့ ဝေကြီးနဲ့ မိစန္ဒီမှ ရေးသားထားပြီး ဖြိုးပြည့်စုံ၊ ဇာနည်အောင်၊ မိစန္ဒီ၊ ခင်စုစုနိုင်၊ ဂျူဝယ်လ် တို့က ပါဝင်သီဆိုသွားမှာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ နိုင်ငံကျော်အဆိုတော် ဖြိုးပြည့်စုံကတော့ ကိုယ့်ရဲ့အချိန်တွေ လုပ်အားတွေကို ငွေကြေးတစုံတရာကြောင့် မဟုတ်ပဲနဲ့ မိမိရဲ့ ဆန္ဒအရ ပရဟိတစိတ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့စေတနာ့ဝန်ထမ်းတွေအတွက် ဝေကြီးနဲ့ မိစန္ဒီတို့ ရေးစပ်ထားတဲ့ “အသိမှတ်ပြုတယ်” ဆိုတဲ့ သီချင်းမှာ ပါဝင်သီဆိုသွားမှာတဲ့နော်။

Source: Phyo Pyae Sone
DarDar-CeleGabar