ညီညီမောင်(စမ်းချောင်း)ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ချောရတနာ

မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တွေထဲမှာ ညီညီမောင်(စမ်းချောင်း)တစ်ယောက်လည်း အပါအဝင်ဖြစ်တာကို ပရိသတ်တွေသိကြမှာပါ။ ညီညီမောင်ကတော့ အနုပညာရှင်တွေအားကိုးရတဲ့ မိတ်ကပ်ပညာရှင်တွေထဲမှာလည်း တစ်ယောက်လို့ဆိုရမှာပါ။ စိတ်ရင်းစေတနာကောင်းတွေနဲ့ပံ့ပိုးပေးလေ့ရှိတဲ့ ညီညီမောင်ကတော့ အခြားသူတွေရဲ့ချစ်ခင်မှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။


ညီညီမောင်ကတော့ ဒီနေ့မှာအသက်(၃၉) နှစ်ပြည့်သွားပြီလည်း ဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့မှာတော့ သရုပ်ဆောင်ချောရတနာက မွေးနေ့ဆုမွန်ကောင်းတောင်းပေးကာ အမှတ်တရပုံရိပ်ကိုလည်း တင်ပေးခဲ့ပါသေးတယ်။ ချောရတနာနဲ့ ညီညီမောင်တို့ကတော့ အနုပညာလုပ်လာတဲ့သက်တမ်းတစ်လျှောက်မှာ အမှတ်တရများစွာရှိခဲ့ဖူးတာပါ။ အောင်မြင်တဲ့အချိန်မှာလည်း ဆက်လက်ပြီးတော့ ခင်မင်နေကြဆဲဖြစ်တဲ့ သူတွေလည်းဖြစ်ပါတယ်။


အခုလည်း ချောရတနာကတော့ သတိတရနဲ့ မွေးနေ့ဆုမွန်ကောင်းတွေ တောင်းပေးလိုက်ပြန်ပါပြီ။ ညီညီမောင်တစ်ယောက် မွေးနေ့မှစ နှစ်ပေါင်းများစွာ ယခုထက်ပိုပြီး များစွာသောအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ပါစေနော်…
Source : ChawYadanar