အအိပ်ဆတ်တဲ့သားလေးအကြောင်း မျှဝေလာခဲ့တဲ့ မေမေပိုးအိအိခန့်

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်ပိုးအိအိခန့်ကတော့ နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့ လက်ထပ်ထိမ်းမြားပြီး ပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ အိမ်ထောင်ရှင်မကောင်းတစ်ယောက်အနေနဲ့ မိသားစုကိုပဲ အချိန်ပေးပြီး သားကိုးလေးကို ပြုစုပျိုးထောင်ပေးနေတဲ့ မေမေပိုးအိအိခန့်ကတော့ အနုပညာအလုပ်တွေဆက်မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိနေစဲပါ။

သူကတော့ အားပေးနေတဲ့ပရိသတ်တွေနဲ့အဆက်အသွယ် မပြတ်ရအောင် သားကိုးလေးရဲ့တနေ့တာအကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေပေးလျက်ရှိပါတယ်။ ဒီနေ့မှာတော့ သားကိုးလေးရဲ့ မေမေ့ကိုအရမ်းခင်တွယ်ပြီး အအိပ်ဆတ်တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ “အသားချင်းထိပြီး အဲ့လိုကပ်အိပ်နေရမှ အမေထတာနဲ့ အမေကိုစမ်း မရှိတာနဲ့ လိုက်ထတာ.. ခုလည်း အိပ်နေတာကြာပြီ မထသေးဘူး…. ကြီးလာတော့ အသားကုန်ဆော့ ပင်ပန်းပြီး အသားကုန်အိပ် မေ့ ချစ်ကလေး” ဆိုပြီး သားကိုးလေးရဲ့အကြောင်းတွေကို မျှဝေခဲ့ပါတယ်။

ပရိသတ်ကြီးရေ သားကိုးလေးကတော့ မေမေနဲ့အသားချင်းကပ်ပြီးအိပ်မှ အိပ်ပျော်တဲ့ မေမေ့ကို အရမ်းခင်တွယ်တဲ့ကလေးလေးပါတဲ့နော်။ မေမေပိုးအိအိခန့်ကတော့ ချစ်စဖွယ်အိပ်နေတဲ့ သားကိုးလေးကိုကြည့်ပြီး ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။


Source – Poe Ei Ei Khant

Rainbow- Cele Gabar