စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတဲ့ အိမ့်ချစ်တို့စုံတွဲရဲ့ Pre-Wedding ပုံရိပ်များ

ပရိသတ်အချစ်တော် တေးသံရှင် အိမ့်ချစ်ကို သူမချစ်သူရဲ့ ရိုမန့်တစ် ဆန်ဆန် ပရိုပို့စ်လေးကြောင့် မိန်းကလေး ပရိသတ်တွေ အတော်လေး အားကျခဲ့ရတာပါ ။ အဲဒီနောက်မှာတော့ Pre-Wedding ပုံ လှလှလေးတွေရိုက်ကူးခဲ့ပြီး နှစ်ဖက်မိဘနဲ့အတူ လက်မှတ်ထိုးပွဲလေးကိုလည်း ခမ်းခမ်းနားနား ပြုလုပ်ခဲ့ပါတ.် ။

ပရိသတ်တွေက သူမရဲ့ Pre-Wedding ပုံတွေကို မျှော်လင့်နေခဲ့ကြပေမယ့် အိမ့်ချစ်က မတင်သေးတဲ့အတွက် ပရိသတ်တွေက မကြာခဏ တောင်းဆိုနေကြတာပါ ။ လတ်တလောမှာတော့ Studio A မှာရိုက်ကူးခဲ့တဲ့ အိမ့်ချစ်တို့ စုံတွဲရဲ့ စိတ်ကူးယဉ်ဆန်ဆန် Pre-Wedding ပုံရိပ်လေးတွေကို Studio A ရဲ့ Page ကနေတဆင့် ဖော်ပြလာခဲ့ပါတယ် ။

အိမ့်ချစ်ရဲ့ ပရိသတ်တွေကတော့ အိမ့်ချစ်ကို အရမ်းကိုလှနေတယ်ဆိုတဲ့ မှတ်ချက်တွေနဲ့အတူ စိတ်ကူးယဉ်ဆန်တဲ့ အိုင်ဒီရာလေးတွေ နဲ့ပုံဖော်ထားတဲ့ သူမရဲ့ Pre-Wedding ပုံလေးတွေကို အရမ်းကိုသဘောကျနေကြတာပါ ။ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း အိမ့်ချစ်တို့စုံတွဲရဲ့ အရိုတလိုင်း Pre-wedding ပုံလေးတွေကိုကြည့်ရှုခံစားနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Studio A
Emily (Cele Gabar)