သူမရဲ့ကိုယ်ပိုင် စိတ်ကူးယဉ် အမိုက်စားဖက်ရှင်တွေကို ဖန်တီးခဲ့တဲ့ မိုးဟေကို

အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အကြွေကြီးကြွေနေကြတဲ့ မင်းသမီးချောလေးပါ ။ လက်ရှိမှာ သူမရဲ့ ကိုယ်ပိုင် Page လေးကနေတဆင့် ခရီးသွားပုံရိပ်တွေနဲ့ သူမရဲ့အမိုက်စား ပုံရိပ်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလျက်ရှိပါတယ် ။

သူမရဲ့ အမိုက်စားပုံရိပ်လေးတွေနဲ့ ခရီးသွားအမှတ်တရတွေ ကို မျှဝေပေးနေတဲ့ မိုးဟေကို ကတော့ လတ်တလောမှာ သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်လေးတွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။ မိုး ဘယ်သွားရင် ဘာလေးတော့ တွဲဝတ်မှာဆိုပြီး စိတ်ကူးယဉ်ရင်း ဝတ်ကြည့်ထားတာလေး ရှင်တို့လေးတွေအတွက် တင်ပေးလိုက်တယ်နော်။ ဘယ်တစ်စုံက မိုးနဲ့ အလိုက်ဆုံးလဲ ပြောပြ ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ကိုယ်ပိုင်ဖက်ရှင်လေးတွေကို အိုင်ဒီယာဆန်းဆန်းလေးနဲ့ ဗီဒီယိုရိုက်ကူးခဲ့တာဖြစ်ပါတယ် ။

တချို့ ပရိသတ်တွေကတော့ သူတို့သဘောကျတဲ့ ဝတ်စုံလေးတွေကို မှတ်ချက်တွေပေးခဲ့ကြပြီး ပရိသတ်အများစုကတော့ ဘာဝတ်ဝတ်လှနေတဲ့ မိုးရဲ့အလှကိုချီးကျူး မှတ်ချက်တွေပေးခဲ့ကြပါတယ် ။ မိုးဟေကို ကို ချစ်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း စိတ်ကူးယဉ်ဖက်ရှင် ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Moe Hay Ko
Emily (Cele Gabar)