ကိုဗစ်ပြီးသွားရင် ကိုယ်ပိုင်ဆိုင်လေးကို ဆိုင်ဖွင့်ပွဲလုပ်တော့မှာဖြစ်ကြောင်းပြောပြလာတဲ့ ဘေဘီမောင်

ပရိသတ်အချစ်တော် မင်းသမီးလေး ဘေဘီမောင်ကတော့ ကိုဗစ်ကာလအနုပညာအလုပ်တွေ ရပ်နားထားတဲ့အချိန်မှာ Live Sale လေးတွေ ကိုအနုပညာကြေးယူကာ ရောင်းချနေခဲ့တာဖြစ်ပါတယ် ။ အစ်မကြီးအမိရာ ဆိုသလို အငယ်တွေရှေ့ကနေ ရှေ့ဆောင်လမ်းပြ လုပ်ပြီး ဘဝအတွက်ကြိုးစားနေတဲ့ ဘေဘီက ကိုယ်ပိုင်စီးပွားရေးလေးတစ်ခု လုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ် ။

အိုးမကွာအိမ်မကွားလေး တပိုင်တနိုင်စီးပွားရေး လေး တစ်ခုဖြစ်ပြီး မှာထားတဲ့ပစ္စည်းတွေ ဒင်းပြည့်ကျပ်ပြည့်ထည့်ဖို့ကျန်သေးတဲ့အကြောင်း အမြည်းလေး ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ဆိုင်ကတော့ အထည်ဆိုင်လေးဖြစ်ပြီး ကိုဗစ်အခြေနေကြောင့် မဖွင့်သေးဘဲ အခြေနေကောင်းရင် ဆိုင်ဖွင့်ပွဲလေးလုပ်မယ်လို့ သိရပါတယ် ။

သူမဆိုင်လေးက သပ်ရပ်ပြီး ဝယ်ချင်စရာကောင်းနေတဲ့အတွက် ဆိုင်ဖွင့်ပွဲ မလုပ်ခင်မှာတော့ အားပေးချင်တဲ့ ပရိသတ်တွေက တန်းစီနေပါပြီနော် ။ အမြဲတမ်းအလုပ်ကြိုးစားပြီး မိဘကို သိတတ်တဲ့ဘေဘီရဲ့ ဆိုင်လေးဖြစ်မြောက်လာတဲ့အတွက် ပရိသတ်တွေက ဂုဏ်ယူဝမ်းသာကြောင်း မှတ်ချက်တွေလည်း ရေးသားခဲ့ကြပါတယ် ။

Source : Baby Maung
Emily (Cele Gabar)