ကိုယ်ချစ်တဲ့သူအတွက် ရည်ရွယ်ပြီးရေးတဲ့သီချင်းလေးကို သူ့ရှေ့မှာ ဆိုပြချင်တယ်ဆိုတဲ့ Mary

“ မင်းနားကဝဲတဲ့ လိပ်ပြာတွေလောက်တော့ တို့ကဘယ်လှမလဲ” ဆိုတဲ့စာသားလေးနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်လာသူလေးကတော့ ပုရိသတို့ရဲ့ အသည်းစွဲအချစ်တော် တေးသံရှင် Maryပဲ ဖြစ်ပါတယ်။ ဝဲ ၊ Mask ၊ 3 am စတဲ့တေးသီချင်းများဟာ သူမကိုလူသိများစေတဲ့ သီချင်းတွေပဲဖြစ်ပါတယ်.။ Mary ဟာသူများထက်ထူးခြားတဲ့ အသံကာလာလေးနဲ့အတူ သူမရဲ့ချစ်စဖွယ်မျက်နှာလေးကြောင့် လူမှုကွန်ယက်မှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

သူမရဲ့ခံစားချက်အချို့နဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲမျှဝေပေးနေတဲ့ Mary က လတ်တလောမှာတော့ Mary က သီချင်းဆိုနေရရင်‌ ပျော်တယ်… ကိုယ်ကိုယ်တိုင် ကိုယ်ချစ်တဲ့သူအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ သီချင်းလေး‌ကို တစ်နေ့သူ့ရှေ့မှာဆိုပြချင်တယ် ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ စိတ်ကူးယဉ် အိပ်မက်လေးကို ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။

သူမ အဲ့ဒီလို ဆိုပြနေချိန်မှာ အဲ့ဒီသူက ဘယ်လိုပုံစံမျိုးလေးဖြစ်မလဲ မသိဘူးနော် လို့လည်း စိတ်ကူးယဉ်နေတဲ့ အကြောင်းကို လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ Mary ကို အရူးမူး အားပေးကြတဲ့ ပုရိသ ပရိသတ်အချို့ကတော့ Mary ရဲ့ပို့စ်အောက်မှာ Mary သီချင်းဆိုပြမယ့် ကောင်လေးအဖြစ် စိတ်ကူးယဉ်နေကြပါပြီနော် ။

Source : Mary
Emily (Cele Gabar)