တစ်ချိန်တုန်းက အနုပညာမောင်နှမတွေအတူရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးကို မျှဝေလာတဲ့လွင်မိုး

တစ်ချိန်တုန်းက အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ထားခဲ့တဲ့ ဒွေး၊လွင်မိုးနဲ့ ထက်ထက်တို့အနုပညာရှင်မောင်နှမတွေကိုတော့ မချစ်ဖူးခဲ့တဲ့သူရှိမယ် မထင်ပါဘူးနော်။ အနုပညာလောကမှာ အတွဲညီညီနဲ့ ပရိသတ်တွေကို ရသအမျိုးမျိုးပေးစွမ်းနိုင်ခဲ့ကြတဲ့ သူတို့တွေကတော့ အချိန်ကာလတစ်ခုကြာမြင့်ပြီးတဲ့နောက်မှာတော့ ထက်ထက်တစ်ယောက်သာ အနုပညာလောကထဲ ကျန်ခဲ့တယ်လို့ ဆိုရမှာပါ။

ကိုသားကြီးကတော့ အောင်မြင်နေတဲ့အချိန်မှာ လူ့လောကကြီးကို အစောဆုံးနှုတ်ဆက်ထွက်ခွာခဲ့သလို လွင်မိုးကလည်း အနုပညာလှုပ်ရှားမှုတွေရပ်နားပြီး စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် အားပေးနေတဲ့ပရိသတ်တွေအတွက် လူမှုကွန်ရက်ကနေတဆင့် တနေ့တာအကြောင်းအရာလေးတွေမျှဝေပေးလေ့ရှိသလို ဒီနေ့မှာတော့ ဟိုးတချိန်တုန်းက ပုံရိပ်လေးနဲ့ပတ်သက်ပြီး အမှတ်တရစကားတချို့ကိုမျှဝေလာပါတယ်။ တစ်ချိန်တုံးက..ကျွန်တော်တို့အနုပညာ..ညီအစ်ကိုမောင်နှမတွေ.. ဦးလှထွန်း..ရဲ့ကင်ဆာဖောင်ဒေးရှင်းကိုသွားကြတာပါ.. နေ့ရက်တွေတော့မမှတ်မိတော့ပါဘူး…ရုပ်ရှင်အစည်းအရုံးကစီစဉ်တာပါ.. ဥက္ကဌ..ဦးစိန်တင်လက်ထက်ကပါ..မှတ်မိနေတာတခုက..အားလုံးမြန်မာဆန်ဆန်ဝတ်စားလာရမယ်ဆိုလို့..အားလုံးကပုံမှာမြင်ရတဲ့အတိုင်း..ညီညွတ်နေကျတာပါ.. ကိုသားကြီးတယောက်ပဲ..အစောကြီးကျွန်တော်တို့နဲ့လမ်းခွဲနှုတ်ဆက်သွားခဲ့တာပါ..ကျန်တဲ့သူတွေကတော့..နည်းမျိုးစုံနဲ့..ရှင်သန်နေကျရဦးမှာပါ…. ဆိုပြီး ရေးသားမျှဝေလာပါတယ်။

တချိန်တုန်းက ပရိသတ်အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ ဒွေး၊လွင်မိုးနဲ့ ထက်ထက်တို့ရဲ့ အမှတ်တရပုံရိပ်လေးကတော့ ကြည့်မိသူတိုင်းကို အရင်တုန်းကအတိတ်တွေကို လွမ်းဆွတ်စေမိမှာ အမှန်ပါ။ အတွဲညီညီနဲ့ ပရိသတ်အချစ်သိမ်းပိုက်နိုင်ခဲ့တဲ့ သူတို့တွေထဲက ဒွေးကတော့ အစောကြီးနှုတ်ဆက်ထွက်ခွာခဲ့ပေမယ့် ကျန်တဲ့သူတွေကတော့ လွင်မိုးပြောခဲ့သလိုပဲ လောကဇာတ်ခုံမှာ နည်းမျိုးစုံနဲ့ ကျင်လည်နေရဦးမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ..


Source- Lwin Moe
Rainbow- Cele Gabar