ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတဲ့သူ့ရဲ့စိတ်ဓာတ်ကိုမျှဝေလာတဲ့ ဖိုးချစ်

တစ်ကမ္ဘာလုံးရဲ့ လည်ပတ်မှုယန္တရားတွေ ရပ်တန့်သွားစေခဲ့တဲ့အထိ သက်ရောက်မှုအားပြင်းခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကာကွယ်ကုသနိုင်ဖို့ ပညာရှင်တွေအားလုံးနည်းမျိုးစုံနဲ့ စမ်းသပ်လာခဲ့တာ အခုဆိုရင် သတင်းကောင်းတချို့ ရှိလာပြီဖြစ်ပါတယ်။ ဆေးပညာဖွံ့ဖြိုးတိုးတက်တဲ့ အင်အားကြီးနိုင်ငံတချို့ရဲ့ စမ်းသ်ချက်ရလဒ်ကောင်းတွေကြောင့် လာမယ့် ဒီဇင်ဘာလလယ်လောက်ကစပြီး ကာကွယ်ဆေးစတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့ပေမယ့် ကမ္ဘာလူဦးရေအကုန်လုံးအတွက် တစ်ပြိုင်နက်တည်းထုတ်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးတာမို့ ကာကွယ်ဆေးရရှိလာခဲ့ရင်လည်း ဦးစားပေးအစီအစဉ်တွေနဲ့ လိုအပ်တဲ့အဆင့်လိုက် လုပ်ဆောင်သွားရမှာပါ။ လူ့အသက်ကိုခြိမ်းခြောက်နိုင်တဲ့ရောဂါမို့ လူတိုင်းကာကွယ်ဆေးပထမဆုံးရချင်ကြမှာ အမှန်ဆိုပေမယ့်လည်း ဖိုးချစ်ကတော့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လေးစားစရာကောင်းတဲ့သူ့ရဲ့စိတ်ထားကို မျှဝေလာပါတယ်။ ကာကွယ်ဆေးရရင် အရင်ဆုံးထိုးရဖို့မကြိုးစားချင်ဘူး…. အားလုံးထိုးနိုင်တဲ့အထိ စည်းကမ်းလိုက်နာပြီးစောင့်မယ်… ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ဖိုးချစ်ရဲ့တစ်ကိုယ်ကောင်းမဆန် မွန်မြတ်တဲ့စိတ်ထားလေးကိုတော့ ပရိသတ်တွေက လေးစားချစ်ခင်ခဲ့ရသလို ကျန်းမာဖြတ်လတ်တဲ့ လူငယ်လူရွယ်တိုင်းမှာ ဆေးအလွယ်တကူရနိုင်မယ့် အနေအထားရှိခဲ့ရင်တောင် ဖိုးချစ်လိုစိတ်မျိုးပဲထားသင့်ကြောင်း မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။


Source- Phoe Chit
Rainbow- Cele Gabar