ဆေးလိပ်မသောက်တတ်ပေမယ့် ဇာတ်ညွှန်းအရ သောက်ခဲ့ရတဲ့ အိစိကွေး

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်တွေအားပေးချစ်ခင်မှု ရရှိထားတဲ့ အိစိကွေးဟာ ခုဆိုရင် ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ယောက်ဖြစ်လို့နေပါပြီနော် ။ ဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ် ။

လတ်တလောမှာတော့ ရိုက်ကွင်းလိုအပ်ချက်အရ ဆေးလိပ်သောက်တဲ့ အခန်းကို ရိုက်ကူးခဲ့ရပေမယ့် ဆေးလိပ်မသောက်တတ်တဲ့ အိစိတစ်ယောက်ကတော့ အခက်တွေ့ခဲ့ရပါတယ် ပရိသတ်ကြီးရေ ..။ ဒီနေ့ Shooting မှာပေါ့ဗျာ ဆေးလိပ်သောက်ခြင်းသည် မကောင်းပါ ကျွန်တော့အတွက်ပေါ့ ချောင်းပါဆိုးသွားတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရှုတင်ရိုက်ကွင်းပုံရိပ်တွေကို ပရိသတ်တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

ဆယ်ကျော်သက်လူငယ်တစ်ယောက်ဖြစ်ပေမယ့်လည်း ဆေးလိပ်မသောက်တတ်တဲ့ အိစိလေးကို ပရိသတ်တွေက ချီးကျူးစကားတွေမှတ်ချက်ရေးသားခဲ့ကြပါတယ် ။ အိစိရဲ့ ဇာတ်ကားသစ်တွေကို စောင်ေ့မျှာ်နေတဲ့ ပရိသတ်ကြီးအတွက်လည်း ရိုက်ကွင်းပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် ။

Source : Eisi Kway
Emily (Cele Gabar)