Disney ကာတွန်းထဲက မင်းသမီးလေးတစ်ယောက်အလားလှပနေတဲ့ ရွှေပိုးအိမ်

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ပရိသတ်လက်ခံအားပေးပြီးသား အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရဟိတမင်းသမီးတစ်ယောက်အဖြစ်လည်း ပရိသတ်အသိမှတ်ပြုမှုကို ခံထားရတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆာင်ခဲ့ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်လို့ ပြောလည်းမမှားပါဘူး ။

 

ရွှေပိုးအိမ်က သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဖေ့ဘုတ်စ်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိပြီး လက်ရှိမှာလည်း ပရိသတ်တွေ လုံးဝကြွေသွားစေမယ့် သူမရဲ့ အလှပုံရိပ်တွေကို ထပ်မံဝေမျှပေးလာခဲ့ပါတယ် ။ Disney ကာတွန်းထဲက မင်းသမီးလေးတစ်ယောက်အလားလှပနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို Photo magic Photo studio ကရိုက်ကူးပေးထားတာဖြစ်ပြီး လိမ္မော်ရောင်ဂါဝန်လေးနဲ့ အရမ်းကို လှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပါတယ် ။

 

ရွှေပိုးအိမ်က သူမကိုယ်တိုင်လည်း ရိုက်သမျှပုံတိုင်းကို ကြိုက်လွန်းလို့ သိမ်းထားတယ်လို့ ရေးသားဖော်ပြထားပါသေးတယ် ။ ရွှေပိုးအိမ်ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း သူမရဲ့ အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Shwe Poe Eain
Emily (Cele Gabar)