လူတောထဲမှာ စိတ်ရှင်းရှင်းနေချင်လို့ ဘဝမှန်ကို ပရိသတ်တွေကိုပြောပြခဲ့တဲ့ ဇေရဲထက်

ပရိသတ်တွေချစ်တဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ သာမန်ဆင်းရဲတဲ့ဘဝကနေ မင်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး ဘဝကို ရုန်းကန်ရှင်သန်ခဲ့ရကြောင်း အင်တာဗျူးတွေမှာ မကြာခဏ ဖြေဆိုလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ လတ်တလောမှာတော့ သူ့ဘဝဖြစ်တည်မှုအမှန်တရားတွေကို မကွယ်ဝှက်ဘဲ ပရိသတ်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။

ဇေရဲထက်က သူ့ ရဲ့ဖြစ်တည်မှုနဲ့ ခံစားခဲ့ရတဲ့ဘဝတွေကို တချို့သိကောင်းသိပေမယ့် သိရက်နဲ့ ကိုယ်ချင်းမစာပဲ နှိပ်ကွပ်ကောင်းနှိပ်ကွပ်မယ် ဒါပေမယ့် သူ့ရဲ့ အမြဲတမ်းရင်ထဲအသည်းထဲထည့်ထားပြီး ကျင့်သုံးတဲ့စကားက ကိုယ်သာလျှင် ကိုယ့်ရဲ့ပဲ့ကိုင်ရှင်ပဲဆိုပြီး အခုလို ဖြစ်တည်အောင်နေခဲ့တာပါလို့ ဆိုပါတယ် ။ ဘဝမှာ ဘယ်သူ့ကိုမှာ နင်းပြီးတတ်ခဲ့တာမဟုတ်သလို ကြိုးစားရုန်းကန်ပြီး ရလာခဲ့တဲ့နေရာပါ ဒုက္ခ တွေ ဘဝမျိုးစုံ ဖြတ်သန်းပြီး ကျိကျိတတ်မချမ်းသာပေမယ့် ကျွန်တော် ကြိုးစားခဲ့လို့ အေးချမ်းစွာနေရပါတယ် အဲ့ဒီထဲမှာ စေတနာ နဲ့ စာနာစိတ်ကလေးပါ ထည့်တော့ ကံအကျိုးပေးသာခဲ့ပါတယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပုံလေးတစ်ပုံနဲ့ ရေးသားဖော်ပြခဲ့ပါတယ် ။

တချိန်တုန်းက အဲ့ဒီ ပုံလေးအတိုင်း သူ့ဘဝ ဖြစ်ခဲ့ပြီး တချို့က အရှိတိုင်းမပြောနဲ့ မလိုသူတွေက နင်းလိမ့်မယ်လို့ပြောပေမယ့်လည်း ဇေရဲထက်ကတော့ လူတောထဲမှာ စိတ်ရှင်းရှင်းနဲ့ လူတိုင်းကိုဆက်ဆံချင်လို့ ဆိုတဲ့ စိတ်နဲ့ ပရိသတ်တွေကို သူ့ရဲ့ ဘဝမှန်ကိုပြောပြလာခဲ့တာဖြစ်ပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်ခြင်း၊ ခံယူချက်ချင်းမတူသလို ဇေရဲထက် ကတော့ စိတ်ရှင်းတာကြိုက်တဲ့အတွက် အခုလို အမှန်တိုင်းရေးသားခဲ့တာပါတဲ့ ပရိသတ်ကြီးရေ ..။

Source : Zay Ye Htet
Emily (Cele Gabar)