ခပ်ဆိုးဆိုးလေးတွေဝတ်တော့မှာမို့ ပုံပန်းသဏ္ဍာန်ကိုကြည့်ပြီး မဆုံးဖြတ်ဖို့တောင်းဆိုလိုက်တဲ့ အေးမြတ်သူ

ပရိသတ်အချစ်တော် ပါးချိုင့်မင်းသမီးလေး အေးမြတ်သူကတော့ သွယ်လျ လှပတဲ့ ခန္ဓာကိုယ်နဲ့ သုံးဆယ်ကျော် အပျိုကြီးမမလို့တောင် မထင်ရလောက်အောင် အရွယ်တင်လှပနေတဲ့မင်းသမီးချောလေးပါ ။ လတ်တလောမှာတော့ အေးမြတ်သူတစ်ယောက် လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူမရဲ့ခပ်လန်းလန်းပုံလေးတွေကို အဆက်မပြတ် မျှဝေပေးနေတာတွေ့ရပါတယ် ။

လတ်တလောမှာတော့ သူမရဲ့မနက်ခင်း စက်ဘီးစီးတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲပြီး မမြတ်လေး ခုလိုလေးတွေလည်းဝတ်မယ်နော် ခုထက် နဲနဲ ဆိုးတာလေးတွေလည်းဝတ်မယ်နော် ချော့တခါ ဆူ ..တလှည့် တူတူချစ်ကြတာပေါ့ရှင် ဆိုပြီး ပရိသတ်တွေကို ချွဲ့နွဲ့ပြီး လူတယောက်ရဲ့ ပုံပန်းသဏ္ဌာန် နဲ့ စိတ်နေစိတ်ထား ကို အဝတ်အစား နဲ့ ကြည့်ပြီး ချက်ချင်းမဆုံးဖြတ်ဖို့နဲ့ အတတ်နိုင်ဆုံးတော့ လိမ္မာအောင် နေပါ့မယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

ပုတုဇဉ် မို့. မကောင်းတဲ့အခါလည်း ဆိုးလည်း ဆိုးနိုင်တာမလို့ နားလည်ပေးကြဖို့အတွက် ပရိသတ်တွေကို တောင်းဆိုခဲ့ပါသေးတယ် ။ မမြတ်လေးရဲ့ ပရိသတ်တွေကတော့ ဘယ်လိုပဲ ဝတ်ဝတ် အရမ်းကိုချစ်ပါတယ်ဆိုတဲ့မှတ်ချက်လေးတွေကို ရေးသားထားကြတာတွေ့ရပါတယ် ။

Source : Aye Myat Thu
Emily (Cele Gabar)

Check Also

တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းဖြစ်သူကို Surprise လုပ်အောင်အထာပေးခဲ့ရတယ်ဆိုတဲ့ သန္တာလှိုင်

ပရိသတ်ကြီးရေ စူပါ နာမည်ကြီးမော်ဒယ်လ် တစ်ယောက်ဖြစ်တဲ့ သန္တာလှိုင်ကတော့ ဒီနေ့မှာ သူမရဲ့ကြည်နူးဖွယ်အမှတ်တရ လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ တစ်ခါမှ Surprise မလုပ်ဖူးတဲ့ ခင်ပွန်းသည်ကြောင့် …