လာအိုနိုင်ငံ လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရမယ့် သူစိမ်းအိမ်နဲ့ မီ ရုပ်ရှင်ဇာတ်ကားကြီး

ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ဒါရိုက်တာဏကြီးတို့ကတော့အခု နောက်ပိုင်းနှစ်တွေမှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေပြန်လည်ဦးမော့ပြီး လူကြည့်များအောင် ကြိုးပမ်းပုံဖော်နိုင်ခဲ့ကြသူတွေထဲက အပါအဝင်ပါ။ လူငယ်ဒါရိုက်တာတွေဖြစ်ပေမယ့် ကိုယ်ရဲ့ရုပ်ရှင်ကို အချိန်ပေးပြီး အဖက်ဖက်က ပြီးပြည့်စုံအောင်ပုံဖော်နိုင်ခဲ့ကြသူတွေမို့ နိုင်ငံတကာပွဲတွေမှာလည်း အသိမှတ်ပြုဂုဏ်ပြုခြင်း ရရှိခဲ့ပါတယ်။

မကြာသေးခင်ကမှ Asia Academy Creative Awards မှာလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကား Best Feature Film၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ ကူးကူးဇင်အောင်က အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု ကို National Winner တွေအဖြစ် ရွေးချယ်ခံခဲ့ရသလို ဒီတစ်ခေါက်မှာလည်း ပျော်စရာသတင်းကောင်းတစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာဏကြီးရိုက်ကူးတဲ့ မီ ရုပ်ရှင်ဇာတ်ကားနှစ်ခုစလုံး လာအိုနိုင်ငံမှာကျင်းပတဲ့ အရှေ့တောင်အာရှရုပ်ရှင်ပွဲတော် လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံရတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာတော့ အရှေ့တောင်အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကား(၂၄) ကားပါဝင်ပြသသွားမှာဖြစ်ပါ။ ယခုနှစ်ကတော့ ကိုဗစ်အခြေအနေတွေကြောင့် Online Film Festival အနေနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာ(၄) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း ပါဝင်ရွေးချယ်ခံရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို Online မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက် အချိန်ပေးကြိုးစားရိုက်ကူးခဲ့တာနဲ့အညီ နိုင်ငံတကာထိ ခြေဆန့်နိုင်ခဲ့တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ဒါရိုက်တာဏကြီးတို့ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦးနော်။


Source- Htoo Paing Zaw Oo
Rainbow- Cele Gabar