လူသားချင်းစာနာထောက်ထားစိတ်အပြည့်ရှိတဲ့ မောင်ဖြစ်သူကို ချီးကျူးစကားဆိုလိုက်တဲ့ အိမ့်ချစ်

နိုင်ငံကျော်တေးသံရှင်ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူလိုပဲ ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်တစ်ခဲနက်အားပေးတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာနိုင်ခဲ့သလို သားဖြစ်သူ ဂျူနီယာချစ်ကောင်းကလည်း ဖခင်နဲ့ အစ်မဖြစ်သူလို ဂီတလမ်းကြောင်းပေါ်မှာ နေရာတစ်ခုရနိုင်ဖို့ကြိုးစားနေသူပါ။ မကြာသေးခင်ကမှ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိထားသလို လတ်တလောကိုဗစ်ကာလမှာတော့ မောင်နှမနှစ်ယောက်စလုံး ကုန်ပစ္စည်းများစွာကို အွန်လိုင်းကနေတဆင့် ရောင်းချပေးနေပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း ပရိသတ်နဲ့အမြဲထိတွေ့နေသူတွေဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဂျူနီယာရဲ့ လူသားချင်းစာနာထောက်ထားစွာ ကူညီပေးခဲ့တဲ့ ဗွီဒီယိုလေးကြောင့် ပရိသတ်တွေ လေးစားချီးကျူးခဲ့ရသလို အိမ့်ချစ်ကလည်း အလိမ္မာတုံးလေး ဆိုပြီးတော့ မောင်ဖြစ်သူရဲ့ ကုသိုလ်ကောင်းမှုကို ပြန်လည်မျှဝေပြီး ချီးကျူးစကားဆိုခဲ့ပါတယ်။ ဂျူနီယာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ္စည်းတစ်ခုသွားဝယ်ရင်း စီးဖြစ်ခဲ့တဲ့ တက်စီးမောင်းသမားအဖိုးကို အသက်လည်းကြီးနေပြီဖြစ်တဲ့အပြင် ညရောက်တဲ့အထိ တစ်ကြောင်းမှမလိုက်ရသေးတဲ့အဖြစ်ကို သနားကရုဏာသက်ခဲ့ကာ ချက်ချင်းဖြစ်ပေါ်လာတဲ့သဒ္ဒါတရားအရ လေးသောင်းကန်တော့ခဲ့တာ ဖြစ်ပါတယ်။

ခက်ခဲနေတဲ့ ကာလကြီးမှာ လူသားတိုင်း အဆင်ပြေကြပါစေဆိုတဲ့ စိတ်လေးနဲ့ အဘကို ကန်တော့ခဲ့တာဖြစ်သလို နောက်ထပ်လည်း လိုအပ်နေသူတွေကို တတ်နိုင်သမျှ ဆက်လက်ဝေမျှသွားဦးမှာ ဖြစ်တဲ့အကြောင်း သူ့ရဲ့ပို့စ်လေးမှာ ရေးသားထားပါတယ်။ ဂျူနီယာချစ်ကောင်းရဲ့ ရည်ရွယ်မထားဘဲ စိတ်ထဲဖြစ်ပေါ်လာတဲ့အချိန်မှာ တတ်နိုင်သမျှလှူဒါန်းပေးခဲ့တဲ့ အလှူလေးကိုတော့ ပရိသတ်တွေကလည်း ချီးကျူးစကားဆိုခဲ့ကြသလို အစ်မဖြစ်သူအိမ့်ချစ်ကလည်း မောင်ဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူစွာမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။

Source – Junior Chit Kaung, Eint Chit
Rainbow- Cele Gabar