အရာရာကို အကောင်းမြင်စိတ်နဲ့ကြည့်တတ်အောင် ပရိသတ်တွေကို အကြံပေးခဲ့တဲ့ ဘီလီလမင်းအေး

ပရိသတ်အချစ်တော် တေးသံရှင် ဘီလီလမင်းအေးကတော့ အရာရာကိုအကောင်းမြင်တတ်အောင်လေ့ကျင့်ဖို့အတွက် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ အနိုင်ကျင့်ခံရတာကိုအကောင်းမြင်ရမှာလားလို့ မေးလာတဲ့သူတွေရှိတဲ့အတွက် တစ်ကယ်တော့အကောင်းမြင်တာနဲ့၊ နုံအ ခြင်းကို မကွဲပြားကြတာဖြစ်ပြီး အကောင်းမြင်တယ် ဆိုတာ ကိုယ့်ကိုအနိုင်ကျင့်နေတဲ့သူကိုခေါင်းငုံ့ပြီးငြိမ်ခံနေတာကို မဆိုလိုပါဘူးလို့ ရှင်းပြခဲ့ပါတယ် ။အကောင်းမြင်တယ်ဆိုတာက မပြောင်းလဲနိုင်တဲ့ အရာတွေကို စိတ်ဆင်းရဲနေမယ့် အစားကိုယ့်ဟာကိုစိတ်ချမ်းသာနိုင်မယ့် နည်းလမ်းဘက်ကိုပါးပါးနပ်နပ်ပြောင်းလဲတာပါတဲ့ ပရိသတ်ကြီးရေ ..။

ဥပမာ – သင်ကBus Car မှတ်တိုင်မရောက်ခင်မှာမီးနီပြီးမီးပွိုင့်မိနေတယ်ဆိုရင်။ သင်တွေးလို့ရတဲ့Option 2 ခုရှိတယ်။ဒေါသထွက်ပြီးမီးပွိုင့်ကိုဆဲမှာလား။ ကျန်းမာရေးအတွက်လမ်းလျှောက်ဖို့အခွင့်ကောင်းဘဲဆိုပြီး ဆင်းလျှောက်မှာလား။သေချာတာတစ်ခုကတော့သင်ဟာမီးပွိုင့်စိမ်းအောင်လုပ်လို့မရသလိုအချိန်တန်မှသာသူ့ဟာသူစိမ်းသွားမှာဖြစ်တယ်.ဒီတော့ကိုယ့်ဟာကိုစိတ်ဆင်းရဲအောင်လုပ်ပြီးမီးပွိုင့်ကိုထိုင်ဆဲနေမဲ့အစား သင့်ကျန်းမာရေးအတွက်လမ်းလျှောက်လိုက်တာက အကောင်းဆုံးမဟုတ်လား။အကောင်းမြင်တယ်ဆိုတာပြောကောင်းတဲ့စကားတစ်ခုဘဲမဟုတ်ပါဘူး။ သင့်ရဲ့ဘဝကိုလည်းအများကြီးပြောင်းလည်းစေပါတယ် လို့ ဘီလီလမင်းအေးက အကောင်းမြင်စိတ်နဲ့ အရာရာကိုတွေးတတ်ဖို့အတွက် သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

ဘဝဆိုတာခက်ခဲကြမ်းတမ်းတာမလို့အမြဲတမ်းအကောင်းမြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ဒါပေမဲ့သင်တတ်နိုင်သလောက်ကြိုးစားလို့ရပါတယ်။အကောင်းမြင်ခြင်းက သင့်ဘဝခက်ခဲကြမ်းတမ်းမှုတွေကိုအများကြီးအထောက်အကူပြုပါလိမ့်မယ်။ဒါကြောင့် ရှေ့မှာပြောခဲ့သလိုဘဲ ပျော်ပျော်နေပီး စိတ်ပျိုကိုနု လှပကြဖို့အတွက် ဘီလီလမင်းအေးလို အကောင်းမြင်စိတ်လေးနဲ့ ပျော်ပျော်နေကြရအောင်နော် ။

Source : Billy La Min Aye
Emily (Cele Gabar)