ဇာတ်လမ်းတွဲအသစ်မှာ လျှို့ဝှက်ပြီးစိန်ခေါ်မှုများတဲ့ဇာတ်ရုပ်နဲ့ပရိသတ်တွေရှေ့ရောက်ရှိလာမယ့် သရုပ်ဆောင်သဉ္ဇာ

တက်သစ်စမော်ဒယ်လ်သရုပ်ဆောင်တွေထဲမှာ ထူးခြားလှပတဲ့အလှပိုင်ရှင်လေးသဉ္ဇာကိုတော့ ပရိသတ်တွေမြင်တွေ့ဖူးကြမှာပါ။ သီချင်း MV တွေနဲ့ Photoshoot တွေရိုက်ကူးနေရသူဖြစ်ပြီး အခုဆိုရင်ရုပ်သံဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်လာပြီဖြစ်ပါတယ်။ တက်သစ်စတစ်ယောက်ဖြစ်တဲ့သဉ္ဇာကိုတော့ အစ်မဖြစ်သူဝါဆိုမိုးဦးကြောင့်လည်း ပရိသတ်တွေသတိထားမိကြပါတယ်။

အခုဆိုရင်သဉ္ဇာဟာ ရုပ်သံဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ဒီအကြောင်းကိုလည်း ပရိသတ်တွေကိုအသိပေးခဲ့ပါတယ်။ ဇာတ်လမ်းတွဲနာမည်ကတော့ “ပဉ္စမမြောက်ပုစ္ဆာ” ဖြစ်ပြီး Fortune tv နဲ့ Cookie tv တို့မှာ ထုတ်လွှင့်ပြသသွားမှာပဲဖြစ်ပါတယ်။ သဉ္ဇာဇာကတော့ ဒီဇာတ်လမ်းတွဲမှာ လျှို့ဝှက်ပြီးစိန်ခေါ်မှုများနဲ့ “အကြွေ” ဆိုတဲ့ ဇာတ်ရုပ်နဲ့ပါဝင်သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ဒီဇာတ်လမ်းတွဲအတွက် သဉ္ဇာကတော့ အရမ်းကိုကြိုးစားထားတယ်လို့ ဆိုပါတယ်။ တက်သစ်စတစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတဲ့သဉ္ဇာကတော့ ပရိသတ်တွေကိုအကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ စိတ်ကျေနပ်စေမလားဆိုတာ ရင်ခုန်စရာပါပဲ။

Source : Thinzar ,The Fifth Question-ပဉ္စမမြောက်ပုစ္ဆာ