(၅)နှစ်အတွင်း မထင်မှတ်ထားတဲ့ ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတဲ့ မေတိုးခိုင်

နာမည်ကြီးမင်းသမီးအိန္ဒြာကျော်ဇင်ရဲ့တူမလေးအဖြစ် ပရိသတ်တွေသတိထားမိခဲ့ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေတိုးခိုင်ကတော့ အကယ်ဒမီရွှေကြို အဖြစ် ပါဝင်ခဲ့ရကနေ ပရိသတ်အားပေးမှု အခိုင်အမာရရှိလာခဲ့တာပါ ။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အမြဲလိုလို မျှဝေပေးနေတဲ့ မေတိုးခိုင်က လတ်တလောမှာတော့ သူမရဲ့ ၅ နှစ်အတွင်း ပြောင်းလဲမှု တွေကို ဝေမျှပေးလာခဲ့ပါတယ် ။

ဖူးလို့ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ မေတိုးခိုင်ကတော့ UK ရောက်သွားတုန်းက ၀၀ကစ်ကစ်လေးဖြစ်သွားခဲ့ပြီး ဟိုက အစားတွေကြောင့်ရယ် Hyper Thyroid ဖြစ်သွားတာရယ်ကြောင့် ကိုယ်အလေးချိန်အတော်လေးတက်ခဲ့တယ်လို့ ပြောပြလာခဲ့ပါတယ် ။ ပတ်ဝန်းကျင်ကတော့ စိတ်ပူပြီးပြောတာပေါ့နော် ဝိတ်နည်းနည်းချရမယ် အစားလျှော့စားပါဆိုပြီး။ ရန်ကုန်ပြန်ရောက်တော့ ပူတဲ့ရာသီဥတု ကြောင့်ရယ် အလုပ်တွေကြောင့်ရယ် ပြန်ကျသွားခဲ့တယ်။ အဲ့တုန်းက ကိုယ့်ဟာကိုယ်တော့ တစ်ခါမှ စိတ်တိုင်းမကျဖြစ်ပြီး ငါအရမ်းဝနေတယ် ဝိတ်ချရမယ်ဆိုတဲ့ stress မရှိခဲ့ပေမယ့် ဖူးအခု Work Out ပုံမှန်လုပ်ပြီး Healthy Meals စားဖြစ်လို့ ကျန်းမာပြီး နေထိုင်ကောင်းတဲ့ lifestyle လေးရထားတယ် လို့ သူ့ရဲ့ (၅)နှစ်တာ ပြောင်းလဲမှုတွေကို ပရိသတ်တွေကို ဝေမျှပေးခဲ့တာပါ ။

ဖူးကတော့ သူမဘဝရဲ့ အဆိုးအကောင်း ပြောင်းလဲမှုတွေအားလုံးကို တန်ဖိုးထားပြီး ယူတတ်ရင် အားလုံးကသင်ခန်းစာတွေပဲ လို့လည်းခံယူထားတယ်လို့ ရေးသားဖော်ပြထားပါသေးတယ် ။ သူမရဲ့ဘော်ဒီကို ဘယ်လိုထိန်းသိမ်းခဲ့တယ် ဘယ်လိုပြောင်းလဲ သွားခဲ့တယ်ဆိုတဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : May Toe Khaing
Emily (Cele Gabar )