ငယ်ဘဝရဲ့ မမေ့နိုင်တဲ့ အမှတ်တရ လေးတွေကို မျှဝေပေးခဲ့တဲ့ စိုးပြည့်သဇင်

ဆယ်ကျော်သက် ဘဝထဲက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ စိုးပြည့်သဇင်ကတော့ အခုဆိုရင် အပျိုကြီးဖားဖားဖြစ်ပြီး အရမ်းကိုလှပတဲ့ မင်းသမီးချောလေးဖြစ်လာခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ မကြာခဏ ဆိုသလို သူမရဲ့ငယ်ဘ၀ အမှတ်တရတွေကို ပြန်လည်မျှဝေပေးတတ်တဲ့ စိုးပြည့်ကတော့ နောက်ထပ်ငယ်ဘ၀ ပုံရိပ်လေးတွေကို ထပ်မံမျှဝေပေးလိုက်ပြန်ပါပြီ ။

ငယ်ရာကနေကြီးပြင်းလာခဲ့တယ်…ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့ငယ်ဘ၀ အမှတ်တရ ပုံရိပ်လေးတွေနဲ့ သူမကြီးပြင်းလာတဲ့ ပုံရိပ်လေးတွေကို တွဲဖက်ဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။ ငယ်ဘဝက ပါးဖောင်းဖောင်းလေးနဲ့ချစ်စဖွယ် စိုးပြည့်လေးက အခုဆို အရမ်းကို လှပပြီး ပရိသတ်တွေ ချစ်ရတဲ့ စိုးပြည့်သဇင်လေးအဖြစ် ပြောင်းလဲလာခဲ့တာကတော့ သူမ ဖော်ပြခဲ့တဲ့ ပုံလေးတွေက သက်သေပါပဲ ပရိသတ်ကြီးရေ ..။

စိုးပြည့်ကိုချစ်ခင်ကြတဲ့သူမရဲ့ အမာခံဖန်တွေကတော့ သူတို့ချစ်တဲ့ ကလေးလေး စိုးပြည့် မျက်စိရှေ့မှာတင် ကြီးပြင်းအရွယ်ရောက်လာပြီး အရမ်းကို လှသွေးကြွယ်လာတဲ့အတွက် ချစ်မ၀ ဖြစ်နေကြကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ စိုးပြည့်ကိုချစ်တဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက်လည်း ငယ်ဘဝပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source : Soe Pyae Thazin
Emily (Cele Gabar)