စွံသွားပြီလားလို့ ပရိသတ်တွေ မေးခွန်းထုတ်နေကြတဲ့ ဖြူဖြူကျော်သိန်းရဲ့ အချစ်ရေး

အသံပါဝါ အားကောင်းကောင်းနဲ့ အမိုက်စား သီချင်းတွေကိုပါဖောမန့်အပြည့်နဲ့ ဖျော်ဖြေတင်ဆက်လေ့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပရိသတ်တွေကို အမြဲ အထူးအဆန်းတွေလုပ်ပြလေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဆိုတာကိုတော့ အထူးတလည် ပြောစရာမလိုတော့ဘူး ထင်ပါတယ်နော် ။ သူမရဲ့ အမိုက်စား ဖက်ရှင်တွေကတော့ ပရိသတ်တွေကြားမှာ အမြဲရေပန်းစား လေ့ရှိပြီး ပရိသတ်တွေကို အံ့အားသင့်စေတဲ့အနုပညာရှင်တစ်ယောက်ပါ ။

လတ်တလောမှာတော့ ပရိသတ်တွေကို ပဟေဠိတွေ နဲ့အတူ ဖြူဖြူက ပရိသတ်တွေကို အချစ်စမ်းလိုက်ပြန်ပါပြီနော် ။ ဒီညတော့မင်းအတွက် ငါအကျဉ်းသား ဆိုတဲ့ခေါင်းစဉ်နဲ့အတူ အမျိုးသားတစ်ယောက်ရဲ့ လက်တစ်ဖက်နဲ့ အတူ သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေပေးလာခဲ့တဲ့အတွက် ပရိသတ်တွေက စိတ်ဝင်တစားဖြစ်နေကြတာပါ ။ ဒီနေ့မှာတော့ လက်မှာ တက်တူးနဲ့ လက်ပတ်နဲ့ ပါတဲ့ မောင်လေးတွေ အသက်ကိုဖက်နဲ့ ထုပ်ထားကြပါတဲ့။ ဖြူဖြူ့ဖန်တေက အသေရရ အရှင်ရရ အလိုရှိနေတယ်တဲ့ ဆိုတဲ့စာသားနဲ့အတူ တက်တူးပါတဲ့လက်တစ်ဖက်နဲ့အတူ ပရိသတ်တွေကို ထပ်မံပဟေဠိ ဖွက်ခဲ့ပြန်ပါပြီနော် ..။

တက်တူးပါတဲ့ ပရိသတ်အချို့ကတော့ သူမရဲ့ပို့စ်အောက်မှာ စနောက်နေကြပြီး တချို့ပရိသတ်တွေကတော့ အသက်တွေလဲ မငယ်တော့ဘူးဆိုတော့ ဖြူဖြူစွံသင့်ပါပြီလို့မှတ်ချက်တွေပေးထားကြတာတွေ့ရပါတယ် ။ Private Dating ဆိုတဲ့စာသားကြောင့် ဖြူဖြူရဲ့ နောက်ထွက်မယ့် သီချင်း သစ်လား တကယ်ပဲ စွံသွားတာလားဆိုတာကိုတော့ ပရိသတ်တွေအရမ်းစိတ်ဝင်စားနေကြပါတယ် ။

Source : Phyu Phyu Kyaw Thein
Emily (Cele Gabar)