ပုဂံမှာရိုက်ကူးခဲ့တဲ့ Music Video လေးကို ပရိသတ်ရှေ့မကြာခင်အရောက် ပို့ပေးတော့မယ့် နေခြည်ရွှန်းလက်

ပရိသတ်တွေကို ပုဂံမြို့သူ ဇာတ်ကားထဲက ဂွမ်းနု ဇာတ်ကောင်နဲ့ ဖမ်းစားထားတဲ့ နေခြည်ရွှန်းလက်ကတော့ နှင်းနွေ အဖြစ်နဲ့လည်း ပရိသတ် အချစ်ကို ထပ်မံရရှိခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ ။ ဆံနွယ်ရှည်ရှည်လေးတွေနဲ့ ဖြူစင်ရိုးသားတဲ့ သူမရဲ့ပုံစံလေးကြောင့် ပရိသတ်တွေက အသည်းစွဲချစ်နေရသူလေးပါ ။

လတ်တလောမှာတော့ သူမရဲ့အနုပညာလှုပ်ရှားမှုတစ်ခုကို ပရိသတ်တွေရှေ့ကို မကြာခင်အရောက်ပို့ပေးတော့မှာဖြစ်တယ်လို့သိရပါတယ် ။ တေးသံရှင် အောင်ကောင်းမြတ်နဲ့ရိုက်ကူးထားတဲ့ Music Video လေးတခုကို ပုဂံမှာ သနပ်ခါးလိမ်းပေးတဲ့ကောင်မလေးအသစ်ရောက်နေပြီတဲ့နော်..ဘယ်လိုMVလေးရိုက်ထားတာဖြစ်မသိဘူး စိတ်ခုန်နေပြီတအားပဲ ဆိုတဲ့စာသားလေးနဲ့အတူ ရိုက်ကွင်းပုံရိပ်အချို့ကို ပရိသတ်တွေအတွက် အမြည်းအနေနဲ့ မျှဝေပေးလာခဲ့တာဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ ဖြူစင်တဲ့ သူမရဲ့အပြုံးချိုချိုလေးတွေကြောင့် ဒီ Music Video လေးကို အရမ်းကိုကြည့်ချင်နေကြပြီဖြစ်ကြောင်း မှတ်ချက်တွေရေးသားခဲ့ကြပါတယ် ။ တေးသံရှင် အောင်ကောင်းမြတ်ကတော့ ဒီ Music Video လေးကို မကြာခင်ရက်ပိုင်းအတွင်းမှာ မျှဝေပေးသွားတော့မှာဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

Source : NayChi Shoon Lak
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …