ခိုင်မိသားစု ဂေဟာလေးကို ဒံပေါက်နဲ့ အုန်းထမင်းတွေလာရောက်လှူဒါန်းခဲ့တဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ပရဟိတမင်းသမီးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့လေးစားချစ်ခင်မှု ကို အပြည့်အ၀ ရထားတဲ့ အနုပညာရှင်တစ်ယေက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ မိဘမဲ့ကလေးလေးတွေနဲ့ မိဘက မစောင့်ရှောက်နိုင်တော့လောက်အောင် ငွေကြေးချို့တဲ့လို့ လာရောက်ပို့ဆောင်ထားတဲ့ ကလေးတွေကို ခိုင်မိသားစုဂေဟာလေးမှာ စောင့်ရှောက်ပေးထားတာဖြစ်ပါတယ် ။

လိုအပ်တဲ့နေရာတွေမှာ လူမျိုးဘာသာမခွဲခြားဘဲ လှူဒါန်းတတ်သလို သူမရဲ့ဂေဟာက ကလေးတွေကို သားသမီးအရင်းတွေလို စောင့်ရှောက်နေတဲ့ သူမဆီကို အလှူရှင်တွေကလည်း အဆက်မပြတ်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေကြတာပါ ။ လတ်တလောမှာတော့ ဝန်ထမ်းတွေ အတွက် ဒံပေါက်နှင့် အုန်းထမင်းများ လာရောက် လှူဒါန်းပေးတဲ့ “မြန်မာ့ ရွှေ အရသာ ” အား ကျေးဇူး အများကြီး တင်ပါတယ်ရှင်..အရမ်းလဲ စားလို့ကောင်းပါတယ်နော်. ဆိုတဲ့စာသားလေးနဲ့အတူ ဂေဟာကို လာရောက်လှူဒါန်းတဲ့အလှူရှင်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ် ။

ပရိသတ်တွေကတော့ ခိုင်မိသားစုဂေဟာမှာ အလုပ်လုပ်နေတဲ့သူတွေကိုလည်း ခိုင်နှင်းဝေကို လေးစားသလို လေးစားကြောင်းလေးတွေ မှတ်ချက်ရေးသားခဲ့ကြပါတယ် ။ ပရိသတ်တွေအတွက်လည်း ခိုင်မိသားစုဂေဟာမှာ အလှူရှင်တွေပို့ပေးတဲ့ ဒံပေါက်နဲ့ အုန်းထမင်းတွေကိုပျော်ရွှင်စွာ စားသောက်နေကြတဲ့ ဝန်ထမ်းတွေရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source: Khine Hnin Wai
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …