ONE Championship T-shirt နဲ့ Face mask များရောင်းချပြီး ကိုဗစ်လူနာတွေကို လှူဒါန်းသွားမယ့် အောင်လအာန်ဆိုင်း

ပရိသတ်ကြီးရေ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ONE Championship ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ဂုဏ်ထူးအောင် အောင်လအာန်ဆိုင်း တစ်ယောက် ရှုံးနိမ့်သွားတဲ့အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ပရိသတ်တွေ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် အောင်လကတော့ နောက်ပွဲတွေမှာ မရှုံးနိမ့်အောင် ကြိုးစား ယှဉ်ပြိုင်သွားပါမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ် ။

လတ်တလောမှာတော့ ONE Championship အထူးသီးသန့် T-shirt အင်္ကျ ီနဲ့ Face mask များကို Myanmar Plaza ရှိ MK Fashion Shop တွင်ရောင်းချလျက်ရှိတယ်လို့သိရပြီး Online order အနေနဲ့ မှာယူလို့ရတဲ့အကြောင်းကို အောင်လအာန်ဆိုင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ရောင်းရငွေရဲ့ ၁၀% ကိုဝေဘာဂီဆေးရုံရှိ ကိုဗစ်လူနာများအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ် ။

ဒါကြောင့်ယခုလိုအချိန်မှာ သင့်အတွက်သေးငယ်တဲ့လုပ်ဆောင်ချက်တစ်ခုဟာ တစ်စုံတစ်ယောက်အတွက်တော့ ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်သွားနိုင်ပါတယ် ဆိုတဲ့စာသားလေးနဲ့လည်း ဝယ်ယူအားပေးခြင်းဖြင့် ကိုဗစ်ရောဂါသည်တွေကို ကူညီရာရောက်ကြောင်းကို ပရိသတ်တွေကို အသိပေးဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။

Source : Aung La Nsang
Emily (Cele Gabar)

Check Also

နူးညံ့တဲ့ကောင်မလေး ဖြစ်သွားအောင် ပြောင်းလဲပေးဖို့ကဗျာဆန်ဆန်လေးတောင်းဆိုလိုက်တဲ့ ပိုပို

ချစ်ဖူးခဲ့သမျှ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု အခိုင်အမာရရှိလာခဲ့တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ပိုပိုကတော့ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာတော့ …