အရင်တုန်းက ဆိုးတဲ့ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာ ဖခင်ကောင်းတစ်ယောက်အနေနဲ့ နေထိုင်နေပါပြီဆိုတဲ့ Ah Boy

Ah Boy ကတော့ အများအားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ ပူပင်ကြောင့်ကြစရာမလိုတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်ဇနီးချောလေး၊ သမီးလေး သုံးယောက်တို့နဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ဘဝကို ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ မြတ်ရတနာကျော်နဲ့အတူ Our Travel Dairies ဆိုတဲ့ Vlog လေးလုပ်ပြီး ခရီးသွားရင်း ရရှိလာတဲ့အတွေ့အကြုံနဲ့ လည်ပတ်စရာနေရာလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။

လက်ရှိအချိန်မှာဘဝကို အကောင်းမွန်ဆုံးဖြစ်အောင် တည်ဆောက်နေသူဖြစ်ပေမယ့် တချိန်က အိမ်ထောင်ကွဲခဲ့ဖူးပြီး ဆိုးရွားခဲ့တဲ့ အတိတ်နဲ့ပတ်သက်ပြီးတော့ ” လွန်ခဲ့တဲ့ဆယ်နှစ်က ငါကဆိုးတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ဒီမိသားစုအတွက် ခင်ပွန်းကောင်း၊ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် နေထိုင်နေပါပြီ.. ငါထင်တာတော့ ပြောင်းလဲဖို့နဲ့ ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့က ဘယ်တော့မှနောက်မကျပါဘူး… အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် အချစ်ရဆုံးမြတ်ရေ” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။

တချိန်က ခင်ပွန်းဆိုးတစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ Ah Boy ကတော့ လက်ရှိအချိန်မှာ သမီးလေးသုံးယောက်နဲ့ ချစ်ဇနီးလေးအတွက် အရာအားလုံးဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားနေသူတစ်ယောက်ပါ။ လက်ရှိသူပိုင်ဆိုင်ထားတဲ့ဘဝလေးကို အကောင်းဆုံးတည်ဆောက်ဖို့ ကြိုးစားနေကြောင်း Ah Boy ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…


Source – Kyaw Phyo Tun
Rainbow- Cele Gabar